(၃၀)နှစ်အရွယ် အမျိုးသား(၁)ဦး က (၅)နှစ်အရွယ် သမီးငယ်(၁)ဦးအား အဓမ္မ ပြုကျင့်မှု ဖြစ်ပွား


ထားဝယ် ဇန်န၀ါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ နယ် ၊ ရောင်းမော်ကျေးရွာအုပ်စု ၊ နှမ်းရင်တောင်ကျေးရွာတွင် ဇန်န၀ါရီ ၁၃ ရက်နေ့ မွန်းလွဲ ၁၃း၃၀ နာရီ အချိန်ခန့်  တွင် (၃၀)နှစ်အရွယ်အမျိုးသား(၁)ဦး က (၅)နှစ်အရွယ် သမီးငယ်(၁)ဦး အားအဓမ္မ ပြုကျင့်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အမေဖြစ်သူမ-------သည် ရေခဲချောင်းထုပ်သည့်အလုပ်ကို လုပ်ကိုင်ရန် သွားရောက်စဉ် နေအိမ် ၌ (၅)နှစ်အရွယ် သမီးဖြစ်သူ အား တူမဖြစ်သူ နှင့် အတူထားခဲ့ရာ မွန်းလွဲ ၁၅း၀၀ အချိန်နေအိမ်သို့ ပြန်ရောက်သော အခါ တူမဖြစ်သူ က တစ်ရွာတည်းနေ တစ်အိမ်ကျော် မှ အောင်သူသည် မွန်းလွဲ ၁၃း၃၀ နာရီအချိန် က သမီးဖြစ်သူအား အောင်သူ၏ညီမဖြစ်သူ ပိုင်ဆိုင်သော လူမရှိသည့်နေအိမ်သို့ ခေါ်ယူသွားခဲ့ကြောင်း ခဏအကြာ အောင်သူ နှင့် သမီး ဖြစ်သူ တို့ အိမ်ပေါ် မှဆင်းလာသည့်တွေ့ မြင့်ခဲ့ကြောင်း ၊ တူမဖြစ်သူ က သမီးဖြစ်သူ အားမေးမြန်းရာ အောင်သူ မှ သမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ၊ မိခင်ကိုမပြောရန်ပြောထားကြောင်းပြောပြသိရှိရသဖြင့် သမီးဖြစ်သူ ၏ မိန်းမ ကိုယ်အားကြည့်ရှု့ ရာတွင် မိန်းမကိုယ်မှာ ရောင်ရမ်းနေကြောင်း သိရှိရသည်။

သမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်သူ အောင်သူ ( ၃၀ )နှစ်( ဘ )ဦးကြည်စိုး ၊ ဥယျာဉ်ခြံခုတ် ၊ နှမ်းရင်တောင်ကျေးရွာ ၊ ရောင်းမော်ကျေးရွာ(မိ)၊ ထားဝယ်မြို့ နေသူအား ထားဝယ်မြို့ မရဲစခန်း ( ပ ) ၁၀၀/ ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

ထားဝယ်ခရိုင် ပြန်/ဆက် ဦးစီးဌာန
(၃၀)နှစ်အရွယ် အမျိုးသား(၁)ဦး က (၅)နှစ်အရွယ် သမီးငယ်(၁)ဦးအား အဓမ္မ ပြုကျင့်မှု ဖြစ်ပွား  (၃၀)နှစ်အရွယ် အမျိုးသား(၁)ဦး က (၅)နှစ်အရွယ် သမီးငယ်(၁)ဦးအား အဓမ္မ ပြုကျင့်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.