ကောလင်းသစ်တောဦးစီးဌာနမှ သစ်စက် ဖမ်းဆီးရေးဆောင်ရွက်စဉ် ဆိုင်ကယ် ၃ စီး မီးရှိုးဖျက်ဆီးခံရ

ကောလင်းသစ်တောဦးစီးဌာနမှ သစ်စက် ဖမ်းဆီးရေးဆောင်ရွက်စဉ် ဆိုင်ကယ် ၃ စီး မီးရှိုးဖျက်ဆီးခြင်း ခံမှုဖြစ်ပွား
ကသာခရိုင် ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှာ ကန်ပေါက်တာကျေးရွာ အရှေ့ဘက် ဘူးတောင်း ကြိုးဝိုင်း အမှတ် ၂၇အတွင်း တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း ဆောင်ရွက်ရန် ဇန်နဝါရီလ ၁၃ရက်နေ့
၁၀း၁၅ နာရီအချိန် တောစပ်တွင် ဆိုင်ကယ်များထားပြီး ရှာဖွေ အပြန် ၁၆း၃၀အချိန် တောစပ်၌ ထားရှိခဲ့သော ပိုင်ရှင် တောအုပ်ဦးကံတင် တောခေါင်း ဦးအောင်ပိုင်နှင့် ရွာခွဲ ခေါင်ဆောင်ဦးစောထွန်းအောင်တို့၏ KENBO-125 ဆိုင် ကယ် ၂ စီး ၊ YINXIANG-125 ဆိုင်ကယ်(၁)စီး ပေါင်း (၃)စီးအား မီးရှို့ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ငွေအိုး (ကသာ)
https://www.facebook.com/ngwe.aoe.54
ကောလင်းသစ်တောဦးစီးဌာနမှ သစ်စက် ဖမ်းဆီးရေးဆောင်ရွက်စဉ် ဆိုင်ကယ် ၃ စီး မီးရှိုးဖျက်ဆီးခံရ ကောလင်းသစ်တောဦးစီးဌာနမှ သစ်စက် ဖမ်းဆီးရေးဆောင်ရွက်စဉ် ဆိုင်ကယ် ၃ စီး မီးရှိုးဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.