တစ်ဦးနှင့်တစ်ဦး စနောက်ကြရာမှ လူသတ်မှုဖြစ်ပွား


နေပြည်တော်၊ ဇန်နဝါရီ ၁၅

ယမန်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ တပ်ကုန်းကျေးရွာနေ ဒေါ်သန်းဌေး(၆၄)နှစ်သည် အိမ်ရှေ့တွင် အော်သံများကြားသဖြင့် လမ်းပေါ်သို့ ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူ ဦးမြမောင်(ခ)ခေါင်းပြား(၆၇)နှစ်နှင့် တစ်ရွာတည်းနေ ဇော်ဦး(၃၉)နှစ် တို့ တစ်ဦးနှင့်တစ်ဦး စနောက်ရာက လုံးထွေးသတ်ပုတ်နေသည်ကိုတွေ့ရှိရပြီး ဇော်ဦးမှ ဦးမြမောင် (ခ)ခေါင်းပြားအား အရိုးအသွား(၁၄)လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးရာ ဒဏ်ရာများရရှိသေဆုံး သွားသဖြင့် ဒေါ်သန်းဌေးက အရေးယူပေးရန်တိုင်တန်းရာ ဇော်ဦးအား အင်ပင်နယ်မြေရဲစခန်း (ပ)၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
တစ်ဦးနှင့်တစ်ဦး စနောက်ကြရာမှ လူသတ်မှုဖြစ်ပွား တစ်ဦးနှင့်တစ်ဦး စနောက်ကြရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.