မိတ္ထီလာတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၂ လုံးပျက်စီးဆုံးရှုံး


မိတ္ထီလာ ဇန်န၀ါရီ ၁၅

မိတ္ထီလာမြို့ နယ် နန်းတော်ကုန်းရပ်ကွက် နယ်မြေ ( ၈ ) ၊ အမှတ် ၂ မူလတန်းကျောင်းအနီးရှိဖိနပ်လုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တွင် ဇန်န၀ါရီလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်က မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နန်းတော်ကုန်း အမှတ် ၈ နယ်မြေနေဦးညီညီနိုင် (ဘ) ဦးမောင်မောင် ၂၉ နှစ် နွေမိုးဆောင်းကတ္တီပါ ဖိနပ်လုပ်ငန်း လုပ်ကိုင်သူ၏ ၂၄ ပေ ပတ်လည် သွပ်မိုးနံကပ် တစ်ထပ် လူနေအိမ်တွင် ရာဘာဖိနပ်ကော်သုတ်နေစဉ် မီးလပ်ထိုးရာမှ မီးပွားလွင့်စင်၍ ဓာတ်ဆီနှင့် ရောစပ်ထားသည့် ကော်များသို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


မီးလောင်မှုဖြစ်ပွားရာသို့ မြို့ နယ်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်ဆန်းဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၅ ဦး နှင့် ဒေသခံပြည်သူများက မီးငြှိမ်းသတ်ယာဉ် ၇ စီး ၊ ရေသယ်ယာဉ် ၄ စီး ၊ အထောက်အကူပြုယာဉ် ၁ စီးတို့ဖြင့် ၀ိုင်းဝန်းမီးငြှိမ်းသတ်ရာ နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ၂၄ ပေ သွပ်မိုး ၊ နံကပ် လူနေအိမ် ၁ လုံး ၊ ၂၄ ပေ ပတ်လည် သွပ်မိုး ၊ ထရံကာ လူနေအိမ် တစ်လုံး စုစုပေါင်း လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုစတင်ဖြစ်ပွားသည့် လူနေအိမ်ရှင် ဦးညီညီနိုင်အား (ပ) ၂၉/၁၇ ပုဒ်မ ( ၂၈၅ ) ဖြင့် မြို့ မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မြို့နယ် ( ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိတ္ထီလာတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၂ လုံးပျက်စီးဆုံးရှုံး မိတ္ထီလာတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၂ လုံးပျက်စီးဆုံးရှုံး Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.