မြင်းမူတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူနှစ်ဦးသေဆုံး


မြင်းမူ နိုဝင်ဘာ ၁၉

မြင်းမူမြို့မရဲစခန်း၌ တာဝန် မှူး ဒုရဲအုပ်ထွန်းသိန်းသည် ယမန် နေ့နံနက် ၆နာရီ ၁၅မိနစ် ယာဉ် တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ သက်သေများနှင့်အတူသွား ရောက်စစ်ဆေးရာ မန္တလေး-မြင်းမူ-မုံရွာ ကားလမ်းမိုင်တိုင် ၄၃/၂ နှင့် ၄၃/၃ အကြားတွင် မုံရွာဘက်မှ ယာဉ်မောင်းအောင် ဇော်ဝင်းမောင်းနှင်ပြီး ဦးပညာဓဇ၊ ဦးကျန်နှင့် ဦးစိုးညွန့်တို့ လိုက် ပါသည့်YGN 9L/---- ပရာဒို အဖြူရောင်ယာဉ်နှင့် ကင်တာအဖြူ ရောင်ယာဉ်တို့ မျက်နှာချင်းဆိုင် ပွတ်တိုက်မိပြီး အောင်ဇော်ဝင်း မောင်းနှင်သည့် ယာဉ်ပေါ်ပါစီးနင်း သူ ဦးပညာဒါဇ(၇၅နှစ်) (၁၄ ဝါ) အောက်သီတစ်ရွာကျောင်းတိုက် ကောလင်းမြို့နေသူတွင် မျက်နှာ ပိန်ချိုင့်ဒဏ်ရာဖြင့် အခင်းဖြစ် နေရာတွင်သေဆုံး၍ PR-25 ဖြင့် လက်ခံစစ်ဆေးကာ ဦးကျန် (၅၉ နှစ်)စုံစမ်းဆဲ ကောလင်းမြို့နေသူ တွင် မျက်နှာပိန်ချိုင့်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး၍ ဏျွ-၂၆ ဖြင့်လက်ခံစစ်ဆေးသည်။

 ဦးစိုးညွန့်(၅၆နှစ်) ကြည့်မြင်တိုင် မြို့နယ် ရန်ကုန်မြို့နေသူတွင် ဝဲ ပေါင်နာကျင်၊ မေးစေ့အောက်ပွန်း ဒဏ်ရာ (မစိုးရိမ်ရ မြင်းမူဆေးရုံ ပြင်ပလူနာ)တွင် ဒဏ်ရာများရရှိ သဖြင့် တာဝန်မှူးဒုရဲအုပ်ထွန်းသိန်း က တရားလိုပြုလုပ်တိုင်တန်းခြင်း ဖြစ်သည်။

သေဆုံးသွားသူနှစ်ဦးနှင့်ဒဏ်ရာ ရရှိသောဦးစိုးညွန်အား မြင်းမူမြို့ မြတ်သုခကျန်းမာရေးနှင့်လူမှုကူညီ ရေးအသင်းကားဖြင့် မြင်းမူပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအောင်ဇော်ဝင်း (၄၁ နှစ်)၊BA စည်ပင်ဝန်ထမ်း ရုံးကြီး ရပ် မုံရွာမြို့နှင့်ဇော်ဖြိုးအောင် (၂၂ နှစ်) မင်းရွာကျေးရွာ မုံရွာမြို့နယ် တို့အား မြင်းမူမြို့မရဲစခန်းကယာဉ် (ပ)၅၃/၂၆ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄- က/၃၃၇ဖြင့် အမှုဖွင့်လှစ် ခဲ့သည်။

ကိုကိုနိုင်(မြင်းမူ)
The Union Daily
https://www.facebook.com/uniondaily.net/
မြင်းမူတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူနှစ်ဦးသေဆုံး  မြင်းမူတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.