လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ အဆိပ်သောက်သေဆုံး


မလှိုင် နိုဝင်ဘာ ၁၉

မလှိုင်မြို့နယ်ပန်းအိုင်ကျေးရွာအုပ်စု ပန်းအိုင် ကျေးရွာမြောက်ဘက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး သည် နိုဝင်ဘာလ ၁၈ ရက်နေ့နံနက် ၉ နာရီခန့်က လင်မယားချင်း စကားများရာမှ လင်သားဖြစ်သူမရှိခိုက် စိုက်ပျိုးရေး ဆေးတစ်မျိုးဖြစ်သည့် အဆိပ်ဟုယူဆသောဆေးအား သောက်ပြီးသေဆုံးသွားကြောင်း သိရသည်။

မလှိုင်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးတင်မောင် သန်းသည် စခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် ပန်းအိုင် ကျေးရွာတွင် လူတစ်ဦးအဆိပ်သောက်သေဆုံးသွား ကြောင်း ဖုန်းသတင်းအရ မလှိုင်မြို့မစခန်းမှူး ဒုရဲမှူး တင်မောင်သန်း ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သောအဖွဲ့က သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်စန်းကြည် အသက် (၄၉နှစ်)(ဘ)ဦးထွန်းရှင် ပန်းအိုင်ကျေးရွာအုပ်စု ပန်း အိုင်ကျေးရွာမြောက်ဘက်၌နေထိုင်သူဖြစ်သည်။

 သေဆုံး သူသည် လင်မယားချင်းစကားများရန်ဖြစ်ရာမှ အိမ် တွင်မည်သူမျှမရှိခိုက် စိုက်ပျိုးရေးတွင် အသုံးပြုသော မှိုသတ်ဆေး(အန်ထရာကိုး)အမျိုးအစားဟုယူဆရသော အဆိပ်ဆေးကိုသောက်သုံးခဲ့သဖြင့် သေဆုံးသွား ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သေဆုံးသူအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် ရဲဆေးစာနှင့်အတူ မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးအပ်ခဲ့ပြီးမလှိုင်မြို့မရဲစခန်းကသေမှုသေခင်း အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ကျော်ကျော်(မလှိုင်)
The Union Daily
https://www.facebook.com/uniondaily.net/
လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ အဆိပ်သောက်သေဆုံး  လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ အဆိပ်သောက်သေဆုံး Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.