အမြန်လမ်းမကြီးတွင် SURF မော်တော်ယာဉ် လမ်းဘေးထိုးကျ တိမ်းမှောက်


နေပြည်တော် နိုဝင်ဘာ ၁၉

ရန်ကုန် မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၁၇၁/၀နှင့် ၁၇၁/၁ အကြား ရန်ကုန်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း သောင်းစိန် မောင်းနှင်လာသော surf မော်တော်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းယာဘက် မြေသားမြောင်းပေါ် ရောက်ရှိတိမ်းမှေက်ခဲ့ သည်။


ဖြစ်စဉ်ကြောင့်ယာဉ်မောင်းမှာ ဦးခေါင်းဖူးရောင်၊ နဖူးပွန်ပဲ့ဒဏ်ရာရရှိပြီး ကျန်တစ် ဦးမှာ ဂျိုစောင်းပေါက်ပြဲဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူနှစ်ဦးအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

သို့ပါ၍ ယာဉ်အားမဆင်မခြင်ပေါ့ဆစွာမောင်းနှင်သူယာဉ်မောင်း သောင်းစိန် အား သာဂရအမြန်လမ်းရဲတပ်ဖွဲ့မှ ယာဉ် (ပ)၂၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ အရေးယူထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်းမကြီးတွင် SURF မော်တော်ယာဉ် လမ်းဘေးထိုးကျ တိမ်းမှောက်  အမြန်လမ်းမကြီးတွင် SURF မော်တော်ယာဉ် လမ်းဘေးထိုးကျ တိမ်းမှောက် Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.