အမြန်ရေယာဉ်နစ်မြုပ်မှု သေဆုံးသူ ၃၄ ဦးအထိ ရှိလာ


အမြန်ရေယာဉ်နစ်မြုပ်မှုမှ ပျောက်ဆုံးရုပ်အလောင်းများအား ဆက်လက်ရှာဖွေဆောင်ရွက်လျက်ရှိ

ကနီ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ အောက်တိုဘာ ၁၅ရက်နေ့ နံနက်(၀၅း၀၀)နာရီတွင် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ရေယာဉ်မောင်း ဇော်မျိုးဝင်း မစ်ဆူဘီရှီ(၄၀)၊ (၆)လုံးထိုး အင်ဂျင်စက်တပ် အောင်စိုးမိုးကျော် ခရီးသည်တင်အမြန်ရေယာဉ် ရေယာဉ်နှစ်မြုပ်၍ ပျောက်ဆုံးအလောင်းများကို ကင်းကျေးရွာအုပ်စု၌ ဒုရဲမှူးကြီး မောင်မောင်ဝင်းနှင့် ရဲမှူးတင်မောင်မြင့်တို့ဦးဆောင်သော မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်အဖွဲ့များနှင့် ကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများများ အောက်တိုဘာ ၁၇ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


အဆိုပါရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ၁၇ရက်နေ့အထိ နေရာအသီးသီးမှ အမျိုးသား ရုပ်အလောင်း(၉)လောင်းနှင့် အမျိုးသမီးအလောင်း(၂၅)လောင်းရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း (၃၄)လောင်း ရှာဖွေတွေ့ရှိထား အချို့ကို သေးဆုံးသူမိဘဆွေမျိုးများဆက်သွယ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တစ်ချို့ ရုပ်အလောင်းဆွေးမျိုးများမပေါ်သေးသော အလောင်းများကိုလည်း စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းအောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်နေမှုကိုလည်း မော်တော်ဆယ်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်ရေယာဉ်နစ်မြုပ်မှု သေဆုံးသူ ၃၄ ဦးအထိ ရှိလာ  အမြန်ရေယာဉ်နစ်မြုပ်မှု သေဆုံးသူ ၃၄ ဦးအထိ ရှိလာ Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.