ဘရာဇီး၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ မြောက်ပိုင်း ရှိ အကျဉ်းထောင်နှစ်ခု၌ လူဆိုးဂိုဏ်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ အကျဉ်းသား ၁၈ဦးထက်မနည်းသေဆုံးကြောင်း ပြည်တွင်းသတင်းဋ္ဌာနက အောက်တိုဘာ ၁၇ ရက်တွင်ဖော်ပြခဲ့သည်။
Rondonia ပြည်နယ် မြို့တော် Porto Velhoမြို့ရှိ ပြည်နယ်အကျဉ်းထောင်တစ်ခု တွင် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက အကျဉ်းသားတချို့သည် အကျဉ်းထောင် အခန်းငယ်များ အပြင်ဘက်၌ မွေ့ယာများအား မီးရှို့မှုကြောင့် အခန်းအတွင်းရှိ အကျဉ်းသား ၈ဦး မီးခိုးမွှန်သေဆုံးခဲ့ကြောင်း ဘရာဇီး သတင်းကွန်ရက် Globo ကပြောပြခဲ့သည်။
အဆိုပါဖြစ်ရပ်သည် Roraima ပြည်နယ် မြို့တော် Boa Vistaမြို့ရှိ Agricola de Monte Cristo အကျဉ်းထောင်အတွင်း အောက်တိုဘာ ၁၆ က အကျဉ်းသား ၁၀ဦးသေဆုံးခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှု၏ နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံအတွင်း လူဆိုးဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။
ခိုက်ရန်ဖြစ်ပွားမှုသည် အောက်တိုဘာ ၁၆ရက် အကျဉ်းသားများ ဧည့်တွေ့ချိန်ဖြစ်သည့် ညနေ ၄နာရီတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧည့်လာတွေ့သည့် အကျဉ်းသားများ၏ ဆွေမျိုးများနှင့် မိသားစုဝင်များကို ဆူပူမှုပြုလုပ်သူ အကျဉ်းသားများက ဓါးစားခံအဖြစ် ဖမ်းဆီးထားခဲ့ပြီး ဘရာဇီးစစ်တပ်က အကျဉ်းထောင်အား ကြားဝင်ထိန်းသိမ်းပေးခဲ့ပြီးနောက် လေးနာရီအကြာတွင် ၄င်းတို့ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း EBC သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
China Xinhua News
ဘရာဇီး အကျဉ်းထောင်၂ခုအတွင်း ပြိုင်ဘက်ဂိုဏ်းအဖွဲ့များ ခိုက်ရန်ဖြစ်ပွားရာမှ ၁၈ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:22
Rating:
