မိုဆူးလ်၊ အောက်တိုဘာ ၃၁ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ISစစ်သွေးကြွအုပ်စု အခိုင်အမာ ခြေကုပ်ယူထားသည့် မိုဆူးလ်မြို့ ဝန်းကျင်ရှိ ရွာ ၁၁ရွာအား အောက်တိုဘာ ၃၀ရက် IS တို့၏ လက်မှ ပြန်လည်တိုက်ယူနိုင်ခဲ့ပြီး IS အဖွဲ့အား နှိမ်နှင်းရန် မိုဆူးလ်မြို့ အနီးရှိ နယ်မြေများအား ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
အီရတ်တပ်ဖွဲ့ဝင်များ၏ စစ်ဦးစီးချုပ်အဖြစ်လည်း တာဝန်ယူထားသည့် အီရတ်ဝန်ကြီးချုပ် Haider al-Abadi က နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မိုဆူးလ်မြို့အား ပြန်လည် သိမ်းပိုက်ရန် တိုက်စစ်ဆင်မှုများ စတင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၇ရက်က ကြေညာခဲ့သည်။
ယခုအချိန်အထိ အီရတ်တပ်ဖွဲ့ဝင်များသည် မိုဆူးလ်မြို့ အရှေ့ဘက်အစွန်အဖျားနယ်မြေများသို့ ရောက်ရှိလာခဲ့ကြပြီး မြို့ပတ်ဝန်းကျင်ရှိ အခြားသော လမ်းကြောင်းများတွင်လည်း နေရာယူမှုများ ပြုလုပ်ခဲ့ကြကာ မိုဆူးလ်မြို့သို့ အဓိကတိုက်စစ်ဆင်မှုများ ပြုလုပ်၍ IS စစ်သွေးကြွများအား တိုက်ထုတ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မိုဆူးလ်မြို့သည် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒတ်မြို့ မြောက်ဘက် ၄၀၀ကီလိုမီတာ အကွာအဝေးတွင်တည်ရှိပြီး အီရတ်အစိုးရတပ်များ ယင်းမြို့မှ လက်နက်စွန့်ခွာထွက်ပြေးခဲ့ကြသည့် ၂၀၁၄ခုနှစ် ဇွန်လ ကတည်းက IS စစ်သွေးကြွတို့၏ လက်အောက်သို့ကျရောက်ခဲ့ကြောင်း သိရသည်။
China Xinhua News
အီရတ်တပ်ဖွဲ့များ မိုဆူးလ် တစ်ဝိုက်ရှိ ရွာ ၁၁ရွာအားသိမ်းပိုက်
Reviewed by THITHTOOLWIN
on
17:48
Rating:
