ဘဏ်ဝန်ထမ်းမိန်းကလေးအား ရည်းစားဆိုသူက ဓားဖြင့်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

ဘဏ်ဝန်ထမ်းမိန်းကလေးအား ရည်းစားဆိုသူက ဓါးဖြင့်ထိုး နှစ်ဦးစလုံး သေဆုံး
ကျောက်ဖြူ ၊ အောက်တိုဘာလ ၃၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်းရင်းအုပ်စု၊ ကညင်တောကျေးရွာတွင် အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်(၉)နာရီကျော်ခန့်က ဘဏ်ဝန်ထမ်းမိန်းကလေးအား ရည်းစားဆိုသူက ဓားဖြင့် အချက်ပေါင်းများစွာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ကမ္ဘာရတနာဘဏ်ဝန်ထမ်း မမေစုထွန်း(၂၇)နှစ်ဖြစ်သူသည် ဘဏ်သို့အသွားလမ်းခုလတ်တွင် သမီးရည်းစားဆိုသူ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ဘုရား ကြီးလမ်းနေမောင်ထွန်းမင်းဇာ (၂၇)နှစ်သည် မမေစုထွန်းအား ဓါးဖြင့် အချက်ပေါင်းများစွာထိုးသွင်းခဲ့ခြင်း ဖြစ်သည်။


 မမေစုထွန်း သည် အနီးအနားပတ်ဝန်ကျင်ကို အကူအညီ တောင်းရင်းမြေပြင်ပေါ်သို့လဲကျ သွားကြောင်း၊ မောင်ထွန်းမင်းဇာမှာလည်းမိမိကိုယ့်ကိုယ်ကို မမေစုထွန်းအားထိုးခဲ့သောဓါးဖြင့် ၀မ်းဗိုက်သို့ ထိုးသွင်းခဲ့ကြောင်းလည်း သိရပါသည်။

 အခင်းဖြစ်ပွားရာနေရာတွင် မမေစုထွန်းသည်သေဆုံးခဲ့ပြီး၊ မောင်ထွန်းမင်းဇာမှာ ကျောက်ဖြူဆေးရုံတွင် ဆုံးပါးခဲ့ကြောင်း၊ အနီးရှိမျက်မြင်သက်သေ ဦးစောလှအောင်မှပြောကြားခဲ့သည်။

အဆိုပါ အမှုအား ကျောက်ဖြူမြို့မရဲစခန်းမှ ဆက်လက်စစ် ဆေးနေကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံ - ကျောက်ဖြူနေ့ စဉ်သတင်း
ခရိုင်(ပြန်/ဆက်)
Rakhine Gazette


ဘဏ်ဝန်ထမ်းမိန်းကလေးအား ရည်းစားဆိုသူက ဓားဖြင့်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ ဘဏ်ဝန်ထမ်းမိန်းကလေးအား ရည်းစားဆိုသူက ဓားဖြင့်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.