အင်ဒိုနီးရှားနိုင်ငံ အရှေ့ ပိုင်းပြည်နယ်၌ ပျောက်ဆုံးသွားသော ကုန်တင်လေယာဉ်ကို ရှာဖွေလျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၃၁ ရက်က ပျောက်ဆုံးသွားသော ကုန်တင်လေယာဉ်အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)
   ဂျကာတာ ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ၌ လေယာဉ်အမှုထမ်း ၄ ဦးလိုက်ပါသွားသော ကုန်တင်လေယာဉ်တစ်စီးသည် နိုင်ငံ အရှေ့ ပိုင်းရှိ Papua ပြည်နယ်အတွင်း မြေပြင်နှင့်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း နှင့် အဆိုပါ ပျောက်ဆုံး ကုန်တင်လေယာဉ်ကို အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းတွင်  အရေးပေါ်ရှာဖွေလျက်ရှိကြောင်း သိရသည်။

DHC 4 Caribou အမျိုးအစား ကုန်တင်လေယာဉ်သည် အောက်တိုဘာလ ၃ဝ ရက် ညပိုင်းက Timika မြို့ မှ Ilaga ပြည်နယ်သို့ ဦးတည်ပျံသန်းလာစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအေ၈ျင်စီအကြီးအကဲ Bambang Soelistyo က ပြောသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လေယာဉ်မှူးကြီး အပါအဝင် ပထမလေယာဉ်မှူးတစ်ဦး ၊ အင်ဂျင်နီယာတစ်ဦး နှင့် လေယာဉ်ပျံသန်းရေးအရာရှိ တစ်ဦးတို့ အသီးသီးလိုက်ပါသွားကြောင်း Soelistyo ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

“ ဖြစ်နိုင်ချေတွေကို စစ်ဆေးဖော်ထုတ်ဖို့ အခင်းဖြစ်နေရာ တစ်ဝိုက်ပေါ်ကနေ လေယာဉ်အစီးပေါင်းများစွာ ဖြတ်သန်းပျံသန်းစေခဲ့ပါတယ်။ ဒါပေမယ့် မြူတွေက သိပ်ထူထပ်နေတော့ ဘာမှ သဲသဲကွဲကွဲမမြင်ရဘူး ” ဟု Papua ပြည်နယ် ပို့ ဆောင်ရေး ရုံးအကြီးအကဲ Johannes Rettob က ဆိုသည်။

Jila ဖြတ်မျဉ်းနေရာသည် လေယာဉ်ပျောက်ဆုံးသွားသည့် နေရာဖြစ်နိုင်ကြောင်း သံသယရှိနေသည်။

Papua ပြည်နယ်၌ တောင်ကုန်းတောင်တန်း နှင့် တောအုပ်ထူထပ်သဖြင့် ပို့ ဆောင်ရေးကဏ္ဍတွင် လေယာဉ်ကို အဓိက အားထားနေရသည်။ သို့ သော် ၄င်းဒေသတွင် ရာသီဥတုသည် အပြောင်းအလဲမြန်သောကြောင့် လေယာဉ်ပို့ ဆောင်ရေးအတွက် မကြာခဏ အန္တရာယ်ဖြင့် ကြုံတွေ ရတက်သည်။

၂ဝ၁၅ ခုနှစ် သြဂုတ်လတွင် ၄င်းဒေသ၌ ခရီးစဉ်အမှတ် ၂၆၇ ကို ပျံသန်းလာသော ATR 42-300 Trigana လေယာဉ် ပျက်ကျခဲ့ရာ အနည်းဆုံးလူပေါင်း ၅၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားနိုင်ငံ အရှေ့ ပိုင်းပြည်နယ်၌ ပျောက်ဆုံးသွားသော ကုန်တင်လေယာဉ်ကို ရှာဖွေလျက်ရှိ  အင်ဒိုနီးရှားနိုင်ငံ အရှေ့ ပိုင်းပြည်နယ်၌ ပျောက်ဆုံးသွားသော ကုန်တင်လေယာဉ်ကို ရှာဖွေလျက်ရှိ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.