ကံမ - စက်တင်ဘာ(၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ အကျည်းသူ(၂၅)ဦးတင်ဆောင်လာသော ကားသည် စက်တင်ဘာ(၇)ရက်နေ့ နံနက်(၅)နာရီ (၅)မိနစ်အချိန်ခန့် ပြည် - ကံမ လမ်းခွဲ မိုင်တိုင်အမှတ် (၂၃/၀)နှင့်(၂၃/၁)အကြားအရောက် မြေနိမ့်လမ်း အလိမ်အားရှောင်တိမ်းမောင်းနှင်ရာ လမ်းအတက်ညာဘက်သို့ ကားတိမ်းမှောက်သွားခဲ့ပါသည်။
ယဉ်ပေါ်ပါလာသူ ရဲမေ(၂)ဦး ရဲဘော်(၁)ဦးဒဏ်ရာရရှိပြီး အကျည်းသူ(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး အဆိုပါ ဒဏ်ရာရရှိသူများအား ပြည်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေကြောင်းသတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews
အချုပ်ကားတစ်စီး ကံမလမ်းခွဲတွင် လမ်းဘေးတိမ်းမှောက်
Reviewed by THITHTOOLWIN
on
07:06
Rating:
