မူဆယ်တွင် iPhone လုယက်ထွက်ပြေးသူများကို ဖမ်းဆီးရမိ

မူဆယ်တွင် iPhone လုယက်ထွက်ပြေးသူများကို နာရီပိုင်းအတွင်းဖမ်းဆီးရမိ။
စက် (၆) မူဆယ်

မူဆယ်မြို့ တွင် အမျိုးသမီးတစ်ဦးထံမှ iPhone လုယူထွက်ပြေးသွားသူများကို မူဆယ်မြို့ မရဲစခန်း ရဲတပ်ဖွဲ့ ဝင် များက နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၄) ရက်၊ ည (၈) နာရီခန့် က မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက်တွင်နေထိုင်ပြီး ပြည့်စုံအောင် ဖုန်းဆိုင် တွင် အလုပ်လုပ်ကိုင်သူ မလပြည့်ဝန်း၊ အသက် (၂၉) နှစ် သည် တစ်ဆိုင်တည်းတွင်အလုပ်အတူလုပ်သော ညီမ ဖြစ်သူ ဖြူနှင်းလတ် (၁၇)နှစ်နှင့်အတူ ဖုန်းဆိုင်သိမ်းပြီး ၄င်းမှ ဖြူနှင်းလတ် မောင်းနှင်သော ဆိုင်ကယ်နောက် တွင်လိုက်ပါကာ နေအိမ်သို့ ပြန်လာစဉ် မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက်၊ ရာပြည့်ဆုလာဒ် ဘော်ဒါဆောင်ရှေ့  အရောက်တွင် အမည်မသိအမျိုးသား (၃) ဦး က CZI-125 အမျိုးအစား၊ ဖြူ/ပြာ ရောင်ဆိုင်ကယ်ဖြင့် ၄င်းတို့ ၏ နောက်မှဘေးချင်းယှဉ်မောင်းနှင်လာပြီး ဆိုင်ကယ်အလယ်တွင်လိုက်ပါလာသောအမျိုးသားမှ မလပြည့်ဝန်း လွယ်ထားသည့် ခဲပြာရောင်ပိုက်ဆံအိတ်အားလုယူခဲ့ရာ လုယူ၍မရသဖြင့် ၄င်းလက်ထဲတွင်ကိုင်ဆောင်ထား သည့် ရွှေအိုရောင် iPhone 6 Plus၊ တန်ဖိုး (၁၁,၂၅၀၀၀ ကျပ်) အား လုယူကာ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် မလပြည့်ဝန်း က ၄င်း၏လက်ကိုင်ဖုန်းအား လုယူထွက်ပြေးသူများအား အရေးယူပေးပါရန် မူဆယ်မြို့ မရဲစခန်း သို့  တိုင်ကြားခဲ့ကြောင်း သိရသည်။


မူဆယ်မြို့ မရဲစခန်းက မမစ(မူဆယ်) (ပ)၃၅၀/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ ဖြင့် စက်တင်ဘာလ (၅) ရက်၊ (၀၁း၁၀) အချိန်တွင် အမှုဖွင့်ကာ အဆိုပါဖုန်းလုယက်သူ (၃) ဦးအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဒုစခန်းမှူး ရဲအုပ်မျိုးထွန်းလွင် ဦးစီးသောရဲတပ်ဖွဲ့ ဝင်များသည် မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက်အတွင်း ပိတ်ဆို့  ရှာဖွေရာ ဟိုမွန်ရပ်ကွက်၊ လမ်းသွယ် (၆) အတွင်းမှ CZI-125 အမျိုးအစား၊ ဖြူ/ပြာရောင် ဆိုင်ကယ် တစ်စီး အား အမျိုးသား (၃) ဦးမှ စီးနင်းလာသည်ကိုတွေ့ ရှိသဖြင့် စစ်ဆေးရန်ရပ်တန့် စေရာ ၄င်းအမျိုးသား (၃)ဦးသည် ဆိုင် ကယ်ကို ရပ်တန့် ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များက ၄င်းတို့ ကိုလိုက်လံရှာဖွေခဲ့ရာ လမ်းသွယ် (၆) အတွင်းရှိ ဆောက်လက်စတိုက်ပေါ်ထပ်တွင်ပုန်းနေသော လျိုကျင်ကော့ (၁၈)နှစ်၊ ရပ်ကွက် (၆) တာမိုးညဲမြို့ နယ်ခွဲ၊ ကွတ်ခိုင်မြို့ နယ်နေသူအား လုယူသွားသည့် iPhone 6 Plus နှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့ ဝင်များက လမ်းသွယ် (၆) အဆုံး လျှိုအတွင်း အမှောင်ရိပ်တွင် လျို့ ဖုချွိန် (၁၆)နှစ်၊ ရပ်ကွက်(၈) တာမိုးညဲမြို့ နယ်ခွဲနေသူ နှင့် ကျန်းယုမ်ကျွင် (၁၅) နှစ်၊ ရပ်ကွက် (၈) တာမိုးညဲမြို့ နယ်ခွဲနေသူ (၂) ဦးအား ဆက်လက်ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့  လုယက်မှုကျူးလွန်သူများအား အခင်းဖြစ်ပွားသည့်အချိန်မှ (၆)နာရီ (၂၅) မိနစ် အတွင်း လက်ရဖမ်း ဆီးနိုင်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များကို ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ မှူး (လားရှိုး) က မှတ်တမ်းတင်ဂုဏ်ပြု ချီးကျူး ခဲ့ကြောင်း သိရသည်။

သမန်းကျား
Lashio News Diary
https://www.facebook.com/LNDLashio
မူဆယ်တွင် iPhone လုယက်ထွက်ပြေးသူများကို ဖမ်းဆီးရမိ  မူဆယ်တွင် iPhone လုယက်ထွက်ပြေးသူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:39 Rating: 5
Powered by Blogger.