ချောက်မြို့မှ H2O2 စက်ရုံပေါက်ကွဲမှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ H2O2 စက်ရုံမှာ သြဂုတ်(၁၁)ရက် ညနေ (၄)နာရီခွဲအချိန်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီစက်ရုံဟာ ချောက်မြို့နှင့် (၅)မိုင်အကွာ စလေမြို့အသွား လမ်းပေါ်မှာရှိတယ်လို့ သိရပြီး အဲဒီမီးလောင်မှုကို ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့၊ စက်ရုံဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေက မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။


အဲဒီမီးလောင် ပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့ သိရပါတယ်။ အဲဒီစက်ရုံ မီးလောင်ပေါက် ကွဲမှုဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ယခင် စက်မှုဝန်ကြီးဌာန ကြွေသီးစက်ရုံလည်ပတ်စဉ်က လည်း အဲဒီစက်ရုံဟာ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ဖူး တယ်လို့ သိရပါတယ်။

ဒီသတင်းကို ချောက်မြို့မှ ကိုမင်းမင်းထွေးကပေး ပို့တာဖြစ်ပါတယ်။

‪‎CNB‬
Central News Bureau
https://www.facebook.com/skynetcnb/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ