ကလေးမြို့ နယ် ပေါက်ခုံ- ကင်မွန်းခြုံလမ်း မြေသားပျက်စီး


သြဂုတ် ၁၁ ။

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ နယ် ပေါက်ခုံ- ကင်မွန်းခြုံကျေးရွာသွားရာ ဖွံ့ ဖြိုးရေးလမ်းမပေါ်ရှိ ရေလဲဦးကျေးရွာ၏ အရှေ့ ဘက် မိုင်တိုင်အမှတ် ၃/၁ နှင့် ၃/၂ မိုင်အကြား လမ်းအပေါ်မြေသားများ အရှည်ပေ ၂၀၀ ခန့် မှာ ချောင်းရေ တိုက်စားမှုကြောင့် ပျက်စီးမျှောပါသွားပါသည်။


မိုင်တိုင် ၃/၁ မိုင်အနီးတွင် ပေ ၁၀၀ ခန့် သည် အနက် နှစ်ပေခွဲခန့် နက်သွားပြီး လှည်းများလည်း မဖြတ်ကူးနိုင်တော့ကြောင်း၊ မိုင်တိုင်အမှတ် ၃/ ၃ မိုင်အနီးတွင်လည်း အရှည်ပေ ၂၀၀ ခန့် အနက် လေးပေခန့် အထိ ချောင်းရေတိုက်စားသွားသဖြင့် လှည်းကူးရန်နှင့် ဆိုင်ကယ်များ ကူးရန်အတွက်လည်း အလွန်ခက်ခဲလျက်ရှိကြောင်း သိရသည်။


ယခုကဲ့သို့ ဖြစ်ရခြင်းသည် မြစ်သာမြစ်ရေတက်ချိန်တွင် ဇီးချောင်းရေပါ ကြီးလာမှုကြောင့် ဖြစ်ရခြင်းဖြစ်ပြီး။ အဆိုပါလမ်းပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ကျေးလက်ဦးစီးဌာနနှင့် ကျေးရွာတာဝန်ရှိသူများ ညှိနှိုင်းတင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါကျေးလက်လမ်းသည် မြစ်သာမြစ်အရှေ့ ဘက်ခြမ်းရှိကျေးရွာများနှင့် ဆက်သွယ်အသုံးပြုသော လမ်းဖြစ်သဖြင့် ကျေးလက်နေပြည်သူများအတွက် အလွန်အသုံးဝင်ပြီး ကလေးမြို့ နှင့် ဆက်သွယ်သွားလာအသုံးပြုရသည့် လမ်းမလည်းဖြစ်သည်။

ကလေးခရိုင်ပြန်/ဆက်

ကလေးမြို့ နယ် ပေါက်ခုံ- ကင်မွန်းခြုံလမ်း မြေသားပျက်စီး  ကလေးမြို့ နယ် ပေါက်ခုံ- ကင်မွန်းခြုံလမ်း မြေသားပျက်စီး Reviewed by THITHTOOLWIN on 22:18 Rating: 5
Powered by Blogger.