အစိုးရ နည်းပညာ အထက်တန်းကျောင်း(မုံရွာ)မှ ကျောင်းသားတစ်ဦး၊ ကျောင်းသူနှစ်ဦး ချင်းတွင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေ


မုံရွာ၊ သြဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ ပညာသင်ကြား လျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးတို့သည် သြဂုတ် ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က ယင်းမာပင်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ရေဆင်းချိုးခဲ့ရာ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူနှစ်ဦးတို့မှာ ရေနစ်ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။…။
ရေနစ်ပျောက်ဆုံးနေတဲ့ ကျောင်းသား ကျောင်းသူတွေကို အမြန်ဆုံး ကယ်ဆယ်ဆောင်ရွက်ပေးနိုင်ရန်အတွက် အစိုးရ နည်းပညာ အထက်တန်းကျောင်း( မုံရွာ)မှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းမြိုင်က မုံရွာခရိုင် မီးသတ်ဦး စီးဌာနမှူး ဦးညီညီဇော်ထံ ဆက်သွယ်အကြောင်းကြား၍ အသက်ကယ်အဖွဲ့အား အမြန်ဆုံးစေလွှတ်ပေးရန် အကြောင်းကြားခဲ့သည်။

ထို့ကြောင့် မုံရွာခရိုင် မီးသတ်တပ်ဖွဲ့၊ အသက်ကယ်အဖွဲ့ဝင် အယောက်(၂၀)တို့က ကျောင်းသား ကျောင်းသူ များ ရေနစ်ပျောက်ဆုံးနေသည့် နေရာသို့သွားရောက်ခဲ့ပြီး အသကယ်လုပ်ငန်းများကို သြဂုတ် ၁၁ ရက်နေ့ည ၉ နာရီအချိန်ထိ ဆက်တိုက်ဆောင်ရွက် လုပ်ကိုင်ခဲ့သော်လည်း မောင်မျိုးနိုင်ဝင်း အသက်(၁၉)နှစ်၊ ခုံအမှတ် 2ET – 4 မန်ကျည်းခွကျေးရွာ၊ ပုလဲမြို့နယ်၊ မမြသဉ္ဖာစိုး အသက်(၁၇)နှစ်၊ ခုံအမှတ် 2ET- 8 ဘူးတောင်းကန်ကျေး ရွာ၊ မုံရွာမြို့နယ်၊ နှင့် မနန်းစုကျော် အသက်( ၁၆)နှစ်၊ ခုံအမှတ် 2ET – 6 ပုတီးကျေးရွာ၊ တန့်ဆည်မြို့နယ် တို့မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း အသက်ကယ်လုပ်ငန်းများဆောင်ရွက်နေသည့် မုံရွာခရိုင် မီးသတ်ဦးစီးမှူး ဦးညီညီဇော်မှ ပြောသည်။

အဆိုပါ ကျောင်းသား ကျောင်းသူများ ရေနစ်ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ၏ စစ်ဆေးပေါ် ချက်များအရ သြဂုတ် ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အစိုးရ နည်းပညာအထက်တန်းကျောင်း(မုံရွာ) ၌ သင်ကြားပို့ချလျက်ရှိသော လက်တွေ့သင်တန်းအား တက်ရောက်ချင်းမရှိဘဲ ခွင့်မဲ့ပျက်ကွက်လျက်ရှိသော ကျောင်းသား ကျောင်းသူ ခုနှစ်ဦးတို့သည် ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကူးတံတားအနီးရှိ ရွှေတောင်ဦး ဘုရားသို့ ဘုရားဖူးသွားရောက်ခဲ့ကြပြီး ထိုနေ့ညနေပိုင်း ၃ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါ ဘုရားမှပြန်လာစဉ် လက်ခုပ်ပင် ဆိပ်ကမ်းနေရာ ချင်းတွင်းမြစ်အတွင်း၌ ကျောင်းသူ မမြသဉ္ဖာစိုးနှင့် မနန်းစုကျော် တို့နှစ်က ရေ ဆင်းချိုးခဲ့ရာ နစ်မြုတ်သွားခဲ့သည်ကို ကျန်ကျောင်းသား ကျောင်းသူများက ဆယ်ယူကယ်ဆယ်ရာမှ ထိုကဲသို့ ကျောင်းသားတစ်ဦး ကျောင်းသူနှစ်ဦး ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
အစိုးရ နည်းပညာ အထက်တန်းကျောင်း(မုံရွာ)မှ ကျောင်းသားတစ်ဦး၊ ကျောင်းသူနှစ်ဦး ချင်းတွင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေ  အစိုးရ နည်းပညာ အထက်တန်းကျောင်း(မုံရွာ)မှ ကျောင်းသားတစ်ဦး၊ ကျောင်းသူနှစ်ဦး ချင်းတွင်းမြစ်အတွင်း ရေနစ်ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 00:14 Rating: 5
Powered by Blogger.