ဂိတ်ရှောင်ကုန်တင်ကားကြီးများကြောင့် လမ်းများပျက်စီး မူစယ်ဒေသခံ များအခက်တွေ့

ဓါတ်ပုံ- မူစယ်မြို့နယ် နောင်မွန်းကူးတို့ဆိပ်
သြဂတ်စ်လ ၁၅ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မူစယ်မြို့နယ်ဘက်မှ လိုင်စင်မဲ့ တန်ချိန် ပိုကုန်ကား ကြီးများ ရွှေလီမြစ်တဖက်ကမ်း သို့ နေ့စဉ် ဖြတ် သန်းနေသဖြင့် ကားလမ်းပျက်စီးမှု ကားလမ်းပိတ်မှု များ ဖြစ်ပွါးကာ ဒေသခံကားများသွား လာမှု ခက်ခဲကြောင်းသိရသည်။

ဩဂတ်စ် ၁၂ ရက်နေ့က မူစယ်မြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော် အမှတ် ၁ စိုင်းကျော်သိန်းမှ ဒေသခံအကြီးအကဲ ၈၀ ကျော်အား တွေ့ဆုံကာ ကုန်တင်ကားကြောင့် ပျက်စီးနေသည့်လမ်းကိစ္စများ၊ ယာဉ်အသွားအလာကြပ် မှုများ ဖြေရှင်းဖို့ရန် ဆွေးနွေးခဲ့၏။

ရွှေလီမြစ်တဘက်ကမ်း စယ်လန့်သို့ ကူးရန် ကုန်ကားများမှာ နေ့စဉ် ကူးတို့ ဆိပ်တွင် ပြည့်နှက်နေသည့် အကြောင်း သျှမ်းလူငယ်အဖွဲ့မှ စိုင်းမောဝ်း ကပြော သည်။

“မူစယ်ဘက်ကနေ တရုတ်ဘက်ခြမ်းသွားဖို့ အသုံးများတာက နောင်မွန်း ကူးတို့ဆိပ်ပေါ့။ ဒီ ဆိပ် သွားဖို့ ရွာတွေဖြတ်သွားရတယ်။ ပန်ခမ်းရွာ ၊ နောင်ယန်း ရွာ ၊ တင်းလုံရွာ ၊ တုံးဟွန်းချိုရွာ ၊ စန်းဆာရွာ ၊ နောင်မိုရွာ ၊ ဆိုင်းခေါဝ်ရွာ နဲ့ စယ်လန့် ရွာ တွေပေါ့။ ကုန်ကားကြီးတွေ နေ့စဉ် ဖြတ် သန်းသွား လာတာကြောင့် ရွာခံတွေက အခက်အခဲတွေ ရင်ဆိုင်ရတယ်။ ရွာလမ်းပျက်စီးတာ၊ ပတ်ဝန်းကျင်လေထု ညစ်ညမ်းတာ၊ ရွာတွင်း ကလေး သူငယ်တွေအတွက် လုံခြုံရေး၊ ကားလမ်း ကျပ်ပိတ်မှု စတာတွေပေါ့နော် ” ဟု စိုင်းမောဝ်း ကဆက်ပြောပါသည်။

ဓါတ်ပုံ- မူစယ်မြို့နယ် နောင်မွန်းကူးတို့ဆိပ်
အဆိုပါကုန်တင်ကားကြီးများမှာ တရားဥပဒေနှင့်အညီ တင်ပို့သွားလာနေသည့် ကားများ မဟုတ်ကြောင်း၊ သျှမ်းပြည်ဘက်မှ ထွက်ကုန်များနှင့် သယံဇာတများ၊ သစ်များ ဝါးများနှင့် မြေကြီးများတင်ဆောင်သည့် ကားကြီးများလည်းပါဝင်ပြီးေ တ်ာတော်များများ မှာ လိုင်စင်မဲ့ ကားကြီးများဖြစ်နေကြောင်း မူစယ်ဒေသခံ စိုင်းအိုက်ယီ့ ကလည်းပြော သည်။

“၂၀၁၂ ခုနှစ် နောက်ပိုင်းမှာအခုလို တင်ပို့မှုတွေ များလာတာ။ တရုတ်ဘက် ကလာတာ အဲဒီကုန် ကားကြီးတွေက။ ၆ ဘီးကားတွေ ၁၂ ဘီးကားတွေ။ ရွာလမ်းက ဘယ်ခံနိုင်ပါ့ မလဲ။ သူတို့က တရုတ်ပြည်ဘက်က ဂိတ်တွေ ကိုရှောင်တာလေ။ အခွန်အရမ်း များတယ် ပြောတယ်။” - ဟု ကားသမား များအသိုင်းအဝိုင်းမှ စိုင်းအိုက်ယီ့က ဆက်လက်ပြောပြ သည်။

မြန်မာနိုင်ငံဘက်ခြမ်း မူစယ်မြို့၌ ၂၀၁၅ ခု နှစ်ကုန်ပိုင်းကစပြီး ၂၀၁၆ နှစ်ဦး ပိုင်းအထိ တရုတ် ပြည်မှ တရားမဝင် ၀င်ရောက်လာသော တရုတ်နံပါတ်ပြား တပ် ကုန်တင်ကားကြီး (ကဲ့ကား) များကို မြန်မာအာဏာပိုင်များက ဖမ်းဆီး ဒဏ်ငွေရိုက်နေသည်ဟု ဆိုသော်လည်း ထိရောက် သည့်အရေးယူမှုများမရှိဘဲ ကုန်ကားကြီးများမှာ မှော်ခိုပစ္စည်းများအား ယနေ့တိုင် သယ်ဆောင်မှုရှိေ န သေးကြောင်း မူစယ်မြို့ခံများကပြောသည်။

သျှမ်းသံတော်ဆင့်/ စိုင်းအိုက်ကွမ်းလျန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ဂိတ်ရှောင်ကုန်တင်ကားကြီးများကြောင့် လမ်းများပျက်စီး မူစယ်ဒေသခံ များအခက်တွေ့  ဂိတ်ရှောင်ကုန်တင်ကားကြီးများကြောင့် လမ်းများပျက်စီး မူစယ်ဒေသခံ များအခက်တွေ့ Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.