ယူနီဖောင်းဝတ်နှင့် အထက်အဆင့်ဆင့် လူကြီးများ သိစေရန် ရေးသားဖော်ပြ


ပြည် - သြဂုတ်(၁၅)ရက်နေ့

ပြည်မြို့မှာ သြဂုတ်လ(၁၅)ရက် နံနက်(၉)မှစတင်ကာ ရွှေတစ်ချောင်းလမ်း ပြည်အမှတ်(၁)ရဲစခန်းရှေ့တွင် ဆိုင်ကယ်စီး ဦးထုပ်မပါသူများ ဆိုင်ကယ်နံပါတ်ပြားမပါသူများ ဆိုင်ကယ်ဘက်မှန်မပါသူများအား စစ်ဆေးအရေးယူ ဖမ်းဆီးနေချိန် ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ဒုခရိုင်အုပ်ချုပ်ရေးမှူးဆိုသူ၏ နောက်တွင် အရပ်ဝတ်ဖြင့်လိုက်ပါ စီးနှင်းလာသူမှ ဆိုင်ကယ်စီးဦးထုပ်မပါသဖြင့် ယာဉ်စစ်အဖွဲ့မှ တားဆီးရာ ``မင်းငါ့မသိဘူးလား ငါက ဒုခရိုင်အုပ်ချုပ်ရေးမှူးကွ အခုအစည်းအဝေးရှိလို့ကွ ´´ဆိုပြီး ယာဉ်စစ်ကို မခြေမငံပြန်ပြောကာ ဆိုင်ကယ်ကို ယူပြီး ပြန်မောင်း ထွက်သွားခဲ့ပါသည်။


ထိုသို့ဆိုလျှင် ဥပဒေဆိုတာ အစိုးရဝန်ထမ်း ဘယ်လိုလူမျိုးအတွက် ဘယ်လိုဥပဒေဆိုဒါရှိလား အစိုးရဝန်ထမ်းကပိုပြီး ဥပဒေကို တိကျစွာလိုက်နာရမှာ မဟုတ်ဘူးလား ငါဒုခရိုင်အုပ်ချုပ်ရေးမှူးဆိုပြီး ဒီလိုလုပ်ရင် အခြားဖမ်းခံရတဲ့ ပြည်သူတွေကို ဘယ်လို အရေးယူမလဲ သူတို့လဲ ဒီဝန်ထမ်းလိုဘဲ ဆိုင်ကယ်ကိုပြန်ယူသွားချင်မှာဘဲ ။ ဒါကြောင့်အဆင့်ဆင့်က အုပ်ချုပ်သူလူကြီးတွေအနေဖြင့် မိမိဌါနမှာရှိတဲ့ ဝန်ထမ်းတွေကိုလဲ ပြည်သူတွေနဲ့နည်းတူ ဥပဒေကိုတိကျစွာ လိုက်နာဖို့လိုအပ်ကြောင်း သတင်းသမားတယောက်အမြင်အား မြင်တဲ့အတိုင်းချရေးကာ ဖော်ပြခြင်းဖြစ်သည်။

ပြည့်သဲမောင်(ပြည်)

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews
ယူနီဖောင်းဝတ်နှင့် အထက်အဆင့်ဆင့် လူကြီးများ သိစေရန် ရေးသားဖော်ပြ  ယူနီဖောင်းဝတ်နှင့် အထက်အဆင့်ဆင့် လူကြီးများ သိစေရန် ရေးသားဖော်ပြ Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.