အစိုးရစစ်တပ်နှင့် KIA ထိပ်တိုက် ပစ်ခတ်မှုဖြစ်ရာမှ လက်နက်ကြီးကျည်ဆံ စာသင်ကျောင်းအတွင်းကျရောက်ပြီး ဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရ


အစိုးရစစ်တပ်နှင့် KIA ထိပ်တိုက် ပစ်ခတ်မှုဖြစ်

မိုးကောင်း ၊ ဩဂုတ် ၊ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် ယနေ့(၁၅.၈.၂၀၁၆)ရက်(၁၂.၃၀)အချိန်ခန့်က အစိုးရစစ်တပ်နှင့် KIAတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာအတွင်းသို့ လက်နက်ကြီး ကျည်ဆံများ ကျရောက် ခဲ့ကြောင်း သိရပါသည်။

ကျရောက်တဲ့ လက်နက်ကြီး ကျည်ဆံများကြောင့် အိမ်အချို့မီးလောင်ကျွမ်းပြီး စာသင်ကျောင်းအတွင်း ကျရောက်ခဲ့သော လက်နက်ကြီးကျည်ဆံမှာ ဆရာမဒေါ်ခင်ရူပါငယ်၏ ယာဘက်ဂျိုင်းအောက်တွင် ထိမှန်ခဲ့ပြီး
ကျောင်းသားတစ်ဦး၏ ပါးတွင်လည်း ထိမှန်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

ဒါဏ်ရာရရှိခဲသော ဆရာမဒေါ်ခင်ရူပါငယ်အား မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိပါသည်။

မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
အစိုးရစစ်တပ်နှင့် KIA ထိပ်တိုက် ပစ်ခတ်မှုဖြစ်ရာမှ လက်နက်ကြီးကျည်ဆံ စာသင်ကျောင်းအတွင်းကျရောက်ပြီး ဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရ  အစိုးရစစ်တပ်နှင့် KIA ထိပ်တိုက် ပစ်ခတ်မှုဖြစ်ရာမှ လက်နက်ကြီးကျည်ဆံ စာသင်ကျောင်းအတွင်းကျရောက်ပြီး ဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.