ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်


ရန်ကုန် ဩဂုတ် ၂

မြန်မာနိုင်ငံတွင် များမကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားများ ထုတ်လုပ်ဖြန့်ချိ သွားနိုင်တော့ မည်ဖြစ် ကြောင်း ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံသို့ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိ နေသော ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မကြာမီကာလအတွင်း ဒေဝူးဘတ်စ်ကားတွေ ထုတ်လုပ်ဖြန့်ချိသွား နိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အထူးသဖြင့် စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တော်မှာ လိုအပ်နေတဲ့ အများပြည်သူသုံးဘတ်စ်ကားတွေ၊ ကျောင်းသား ကျောင်းသူ များလုံခြုံ သက်သာစွာ အဆင့်အတန်းမြင့်စွာ အသုံးပြုနိုင်တော့မယ့် ကျောင်းကြို/ပို့ ယာဉ်တွေကို ဈေးနှုန်းသက်သာစွာဖြန့်ဖြူးပေးဖို့ ရည်ရွယ်ပါတယ်” ဟု Myanmar Coach Center Co; Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင်က ပြောသည်။

အဆိုပါကုမ္ပဏီက တင်သွင်းသော ဒေဝူးဘတ်စ်ကား ၁၅ စီး၊ ရန်ကုန်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်သို့ လွှဲပြောင်းပေးအပ်သော အခမ်းအနား၌ ဦးကျော်ကျော်အောင်က ပြောသည်။ ဒေဝူး ဘတ်စ် ကားများ မြန်မာနိုင်ငံ၌ ထုတ်လုပ်လာနိုင်သည်နှင့်အမျှ ပြည်သူများ အရည်အသွေးကောင်းမွန်သော ဘတ်စ် ကားများ ဈေးနှုန်းသက်သာစွာ သုံးစွဲလာနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာ ကျွမ်းကျင်သည့် အတတ်ပညာရှင်များလည်း တိုးပွားလာမည်ဖြစ်ကြောင်း၊ ရန်ကုန် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးတွင် ဒေဝူးကားများ သုံးစွဲမှုတိုးပွားကာ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

ဒေဝူးကားထုတ်လုပ်ရေးကုမ္ပဏီသည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။

သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး (မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်  ဒေဝူးဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည် Reviewed by THITHTOOLWIN on 14:57 Rating: 5
Powered by Blogger.