မလေးရှား IS ၏ ခြိမ်းခြောက်စာတွင် မလေးရှားအာဏာပိုင်များ အမည်အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေ


မလေးရှား ရဲစခန်းမှ လက်ခံရရှိထားသည့် မလေးရှား IS ၏ ခြိမ်းခြောက်စာတွင် မလေးရှားနိုင်ငံ၏ အာဏာပိုင်များ အမည်အပြင် အခြားနိုင်ငံခေါင်းဆောင်များ အမည်ထဲတွင် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမည် ပါဝင်နေကြောင်း The Straits Time သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် မလေးရှားဝန်ကြီးချူပ်နာဂျစ် ရာဇတ် ( Najib Razak ) အပါအ၀င် မလေးရှား အစိုးရအဖွဲ့ဝင်များ ဖြစ်ကြသည့် မလေးရှား ဒု-ဝန်ကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ်နှင့် ဝန်ကြီးအများအပြားတို့၏ အမည်များ ပါဝင်နေပြီး မလေးရှားတွင် IS သြဇာလွှမ်းမိုးမူ ရှိနေကြောင်း ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်စာ ပေးပို့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက် များအရ သိရသည်။

မလေးရှား Nilai ရဲစခန်းမှ လက်ခံရရှိထားသော စာအိတ်ကို ယခုအခါ ရဲက မည်သူမည်ဝါ ပို့သည်ကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။ စာတွင် IS အင်အား ၇၀၀ ရှိသည်ဟု ရေးသားထားခြင်းကို မလေးရဲက ပယ်ချလိုက်ပြီး ယခု အဖြစ်အပျက်သည် IS ၏ ဩဇာ မလေးရှားတွင် ရှိနေကြောင်း ကြွားလုံးထုတ်ချင်ပုံ ပေါက်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ယင်းသို့ အလားတူ ခြိမ်းခြောက်စာ ၄ စောင်ကို Negri ရဲစခန်းက လက်ခံရခဲ့ကြောင်း မလေးရှားရဲက ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေသည့်အတွက် ယင်းအပေါ် ပေါ့ပေါ့တန်တန် သဘောထားမည် မဟုတ်ဘဲ တရားခံကို အလေးအနက်ထား ရှာဖွေဖော်ထုတ်မည်ဟု ဆိုထားကြောင်း သိရသည်။

ထိုကဲ့သို့ မလေးရှား IS ခြိမ်းခြောက်စာ ပေးပို့ထားမူသည် ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်ပြီး ပြောဆိုထားသည့်ကိစ္စနှင် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာများ ပြည်တွင်းတွင် ဖြစ်ပေါ်ခဲ့ခြင်းများ ရှိနေသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စိုးရိမ်ရဖွယ်ဖြစ်ကြောင်း နိုင်ငံရေး စိတ်ပါဝင်စားသည့် ပြည်သူများ က ဝေဖန်ပြောဆိုကြသည်။

စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies
မလေးရှား IS ၏ ခြိမ်းခြောက်စာတွင် မလေးရှားအာဏာပိုင်များ အမည်အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေ  မလေးရှား IS ၏ ခြိမ်းခြောက်စာတွင် မလေးရှားအာဏာပိုင်များ အမည်အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေ Reviewed by THITHTOOLWIN on 14:51 Rating: 5
Powered by Blogger.