ပုလင်းကွဲနှင့် လူသတ်မှု


 လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃

၂.၈.၂၀၁၆ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူကို အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ၁၇၁၅ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ မ---- သည် အလုပ်သို့ သွားရောက်နေစဉ် ၎င်းနေထိုင်သည့် အဆောင်တွင် ကျန်ရှိနေခဲ့သော ခင်ပွန်းဖြစ်သူ ကိုသန်းဇော်ဝင်းမှာ ပုလင်းကွဲနှင့်အထိုးခံရ၍ သေဆုံးသွားကြောင်း သိရှိရသဖြင့် ပြန်လာကြည့်ရှုရာ ခင်ပွန်းဖြစ်သူမှာ အခန်းဝ၌ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ပတ်ဝန်းကျင်အားစုံစမ်းရာ ယင်းနေ့ ၁၆၀၀ အချိန်ခန့်က အဆောင်ခြေရင်းခန်းသို့ အလည်လာရောက်သူ နောင်ရိုး(ခ)တက်တူးဆိုသူအား ခင်ပွန်းဖြစ်သူမှ အရက်မူးပြီး ဆဲဆိုခဲ့သဖြင့် စကားများကြစဉ် နောင်ရိုး(ခ)
တက်တူးမှ ပုလင်းကွဲနှင့်ထိုးခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၆၃၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်သူ နောင်ရိုး(ခ)တက်တူးအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ၂၀၂၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ လှိုင်သာယာမြို့နယ်နေ နောင်ရိုး(ခ)တက်တူး(ခ)ဖြိုးဝေယံ၊ (၂၅)နှစ်ကို လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးအတွင်းမှ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ