မီးသတ်ဆေးဘူးဖြင့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူနှစ်ဦး ရဲစခန်းသို့လာရောက်အဖမ်းခံ

 လူသတ်မှုမှ ပြစ်မှုကျူးလွန်သူနှစ်ဦး ရဲစခန်းသို့လာရောက်အဖမ်းခံ
ရန်ကုန်၊ သြဂုတ် ၅

၁.၈.၂၀၁၆ ရက်နေ့ ၁၂၀၀ အချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝင်းရှိ ကားဂိတ်တွင် ကျောက်ဆည်မြို့နယ်နေ ယာဉ်မောင်းကိုအောင်ထွန်းနိုင်သည် ယာဉ်အားပါကင်ထိုးစဉ် ယာဉ်မောင်းလုပ်ကိုင်သူ ကျောက်ဆည်မြို့နယ်နေ ခိုင်စိုးနှင့်စကားရန်ဖြစ်ပြီး ထိုးကြိတ်ကြစဉ် ခိုင်စိုး၏ ညီဝမ်းကွဲ တော်စပ်သူ ပြည့်စုံမှ မီးသတ်ဆေးဘူးဖြင့် ကိုအောင်ထွန်းနိုင်ကို ၀င်ရောက်ရိုက်နှက်ခဲ့၍ ဦးခေါင်းနောက်စေ့၌ ဖူးယောင်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရရှိသည့်ဒဏ်ရာမှာ ယာဉ်ပေါ်မှပြုတ်ကျ၍ ရရှိခြင်းဖြစ်ကြောင်းပြောကာ ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် ကိုအောင်ထွန်းနိုင်မှာ ၄.၈.၂၀၁၆ ရက်နေ့ နံနက်တွင် သေဆုံးသွားခဲ့သဖြင့် ခိုင်စိုးနှင့်ပြည့်စုံတို့(၂)ဦးအား အရေးယူပေးရန် သေဆုံးသူ၏အစ်ကိုဖြစ်သူ ကိုထွန်းကိုမှ ဘုရင့်နောင်နယ်မြေရဲစခန်းသို့ တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။

တိုင်တန်းချက်အရ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၆၀၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ၎င်းတို့အလုပ်လုပ်ကိုင်ရာ ဘုရင့်နောင်ပွဲရုံဝင်းရှိ ကားဂိတ်၊ကျောက်ဆည်မြို့ရှိကားဂိတ်နှင့် ကျောက်ဆည်မြို့မရဲစခန်းသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ၄.၈.၂၀၁၆ ရက်နေ့ ၂၀၀၀ အချိန်တွင် ပြည့်စုံမှလည်းကောင်း၊ ၅.၈.၂၀၁၆ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ခိုင်စိုးမှလည်းကောင်း ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
မီးသတ်ဆေးဘူးဖြင့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူနှစ်ဦး ရဲစခန်းသို့လာရောက်အဖမ်းခံ  မီးသတ်ဆေးဘူးဖြင့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူနှစ်ဦး ရဲစခန်းသို့လာရောက်အဖမ်းခံ Reviewed by THITHTOOLWIN on 16:27 Rating: 5
Powered by Blogger.