ကားတိုက်ခံရသည့် မန္တလေးအလင်းသတင်းစာ သတင်းထောက်ချုပ် ကိုမြူငှက် (ခ) ကိုမျိုးမြင့်စံ ကျန်းမာရေးအလွန်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေ


မန္တလေးအလင်းသတင်းစာတွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်ချူပ် ကိုမြုငှက်(ခ)ကိုမျိုးမြင်စံ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း မန္တလေးမြို့ရှိ သတင်းထောက် အသိုင်းအ၀ိုင်းမှာ သိရသည်။

“ကိုမြူငှက်အခြေအနေက စိုးရိမ်ရတဲ့ အနေအထားရောက်နေပါပြီ။ ဆရာဝန်ကလည်း အခြေအနေမကောင်းဘူး ပြောပါတယ်” ဟု ဆေးရုံရောက်နေသည့် BBC သတင်းထောက် ကိုနေလင်းက သြဂုတ်လ ၉ ရက်နေ့ မနက် ၁၁ နာရီခန့်က ပြောသည်။

သတင်းထောက်ချုပ် ကိုမျိုးမြင့်စံအား သြဂုတ် ၆ ရက်နေ့ ည ၁၀ နာရီခန့်က လမ်း ၃၀ နှင့် ၆၈ လမ်းတွင် တိုက်မိခဲ့ခြင်းဖြစ်ပြီး ဘယ်ဘက် ခြေထောက်ကျိုး၊ ဦးခေါင်းပြင်းထန် ဒဏ်ရာများ ရရှိခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပြီး လက်ရှိကျန်းမာရေး အခြေအနေသည် စိုးရိမ်ရဖွယ် အခြေအနေတွင်ရှိကြောင်း ပြောပြချက်အရ သိရသည်။

မန္တလေးအလင်း သတင်းစာတိုက်မှ သတင်းထောက်တစ်ဦးဖြစ်သူ မသက်စုအောင်က “ကိုမြူအခြေအနေက တတိယနေ့အရောက်မှာ လုံးဝလက်လျှော့ လိုက်ရပါပြီ။ မနက်မှာ ဆရာဝန်က သေချာစစ်ဆေးပြီးတဲ့ နောက်မှာ ဦးနှောက်က လုံးဝအလုပ် မလုပ်တော့ပါ။ သူငယ်အိမ်ကလည်း ကျယ်နေပီ။ အောက်ဆီဂျင် ပေးထားလို့သာ နှလုံးခုန်နေပေမယ့် အောက်ဆီဂျင် ရပ်လိုက်တာနဲ့ နှလုံးခုန်ရပ်သွားမှာပါ။ ပြောရရင် မျှော်လင့်ချက်မဲ့သွားပါပြီ။ ကျန်တာ ကျွန်တော် ပြောမထွက်တော့ပါဘူး” ဟု ယင်းကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ သတင်းထောက်ချုပ် ကိုမျိုးမြင့်စံ(ခ) ကိုမြူငှက် စီးလာသည့် ဆိုင်ကယ်အား ကားဖြင့်တိုက်ကာ တိမ်းရှောင်သွားသည့် ယာဉ်ပိုင်ရှင်အား သြဂုတ် ၈ ရက်နေ့က အမှတ် ၁၄ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ တွေ့ရှိကာ စစ်ဆေးလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ လက်ရှိတွင် ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူအား အမှတ် ၃ ရဲစခန်းမှ(ပ)၁၉/၂၀၁၆ ၊ ဥပဒေပုဒ်မ ၂၇၉/၃၃၈/၂၀၂ တို့ဖြင့် ရဲမှူး ကျော်သန်းက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားပြီး သြဂုတ် ၈ ရက်နေ့တွင် ယာဉ်ပိုင်ရှင်အား ယာဉ်ထိန်း ရဲတပ်ဖွဲ့ အမှုစစ်ဌာနမှ စစ်ဆေးနေကြောင်း သတင်းများအရ သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
ကားတိုက်ခံရသည့် မန္တလေးအလင်းသတင်းစာ သတင်းထောက်ချုပ် ကိုမြူငှက် (ခ) ကိုမျိုးမြင့်စံ ကျန်းမာရေးအလွန်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေ  ကားတိုက်ခံရသည့် မန္တလေးအလင်းသတင်းစာ သတင်းထောက်ချုပ် ကိုမြူငှက် (ခ) ကိုမျိုးမြင့်စံ ကျန်းမာရေးအလွန်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေ Reviewed by THITHTOOLWIN on 13:20 Rating: 5
Powered by Blogger.