ဒလမြို့နယ်မှာ အသက် (၁၈) နှစ်အောက် မိန်းကလေးတစ်ဦး သားမယားအဖြစ် ပြုကျင့်ခံရ


ရန်ကုန်တိုင်းဒေသကြီး ၊ ဒလမြိုနယ်မှာ(၁၈)နှစ်အောက် မိန်းကလေးတစ်ဦး သားမယားအဖြစ် ပြုကျင့်ခံရတယ်ဆိုပြီး သြဂုတ်လ(၅)ရက်မှာ မိခင်ဖြစ်သူ က ရဲစခန်းကို လာရောက် အမှုဖွင့်ခဲ့ပါတယ်။

 အသက် ၁၅ နှစ်ကျော်အရွယ် သမီးဖြစ်သူ အမျိုးသမီးကိစ္စ မူမမှန်တာကြောင့် မေးမြန်းရာကနေ သားမယား အဖြစ်ပြုကျင့်ခံရတာကို သိရှိခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူက အမှုဖွင့်ရာမှာပြောဆိုခဲ့ပါတယ်။

 ဇူလိုင်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က မိခင်ဖြစ်သူဈေးရောင်းသွားတဲ့အချိန် သမီးဖြစ်သူနေအိမ်မှာတစ်ဦးတည်း ရှိနေစဉ် ဈေးကူရောင်းပေးဖူးခဲ့သူ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အောင်ကိုလတ်(ခ) ကိုလတ် ရောက်ရှိလာပြီး နောက်ဖေးမီးဖိုခန်းမှာ သားမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောထား ပါတယ်။

 အောင်ကိုလတ်(ခ) ကိုလတ် က ပြန်ပြောရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ တိုင်ချက်ထဲမှာ ရေးသားထားပါတယ်။

ဒီအမှုကိုဒလမြို့မရဲစခန်းကပြစ်မှုနံပတ်၃၉ဝ/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်စစ်ဆေးလျက်ရှိပါတယ်။

5 Plus News
https://www.facebook.com/5plusnews
ဒလမြို့နယ်မှာ အသက် (၁၈) နှစ်အောက် မိန်းကလေးတစ်ဦး သားမယားအဖြစ် ပြုကျင့်ခံရ  ဒလမြို့နယ်မှာ အသက် (၁၈) နှစ်အောက် မိန်းကလေးတစ်ဦး သားမယားအဖြစ် ပြုကျင့်ခံရ Reviewed by THITHTOOLWIN on 13:20 Rating: 5
Powered by Blogger.