မနိုင်တဲ့ ပါတီ ၇၀ အတွက် ကိုယ်စားလှယ် ၅ ဦး တက်ရောက်နိုင်

၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန် ကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီ ၇၀ ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၅ ဦးကို ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ခွင့်ပြုမယ်လို့ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန် က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ခွင့်ပြုပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးခက်ထိန်နန်က ပြောပါတယ်။

အဲဒီကိုယ်စားလှယ် ၅ ဦးကို နိုင်ငံရေးပါတီ ၇၀ က ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ဖို့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို လိုက်လံဖိတ်ကြားနေပြီဖြစ်သလို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆွေးနွေးပွဲတွေလည်း ကျင်းပတော့မှာဖြစ်တယ်လို့ ဦးခက်ထိန်နန် က ပြောပါတယ်။

မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ထဲမှာ ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရရှိတဲ့ ပါတီ ၇၀ ရှိတာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ အနိုင်ရထားတဲ့ ပါတီ ၂၀က ကိုယ်စားလှယ်တွေကိုသာ ပါဝင်ခွင့်ပြုမှာဖြစ်ပြီး အနိုင်မရတဲ့ ပါတီတွေက အရပ်ဖက် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သီးခြားဆွေးနွေးရမှာဖြစ်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မနိုင်တဲ့ ပါတီ ၇၀ အတွက် ကိုယ်စားလှယ် ၅ ဦး တက်ရောက်နိုင်  မနိုင်တဲ့ ပါတီ ၇၀ အတွက် ကိုယ်စားလှယ် ၅ ဦး တက်ရောက်နိုင် Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.