မီဇိုရမ်တွင် မြေပြို ပြီး အိမ်တစ်လုံးပြိုကျမှုကြောင့် သားအမိ သေဆုံး


ခိုနုမ်းသုန်သတင်း။ ၃၀ ဇူလိုင် ၂၀၁၆

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့ည ၆ နာရီခန့်တွင် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ရှိ Ngur ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုပြီး အိမ်တစ်လုံး ပေ ၁၀၀ ခန့်အထိ ပြိုကျသွားကာ သားအမိ သေဆုံးခဲ့ကြောင်း သိရသည်။ အိမ်ထောင်ဦးစီး ပူး Suanlala တောထွက်နေသည့်အချိန်တွင် ယခုကဲ့သို့ ကြုံတွေ့ရခြင်းဖြစ်ပြီး အိမ်ရှင်ဖြစ်သူ Dawnsiammuangi (42) နှင့် အသက် (၃) နှစ်အရွယ်သမီး Nemsiangsangi တို့ သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားသည့်ချိန်တွင် သေဆုံးသူ Dawnsiammuangi သည် သားသမီး ၅ ယောက် ဧည့်သည် ယောက်နှင့်အတူ နေအိမ်တွင် ရှိနေကြ သည့်အချိန်ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာသို့ ကျေးရွာလူထုများ ချင်းချင်းဆိုသလိုရောက်ရှိလာကြပြီး ကလေး ၄ ဦးကို အချိန်မှီ ကယ်ဆယ်နိုင်ခဲ့ပေသော် လည်း မိခင်ဖြစ်သူ Dawnsianmuangi ကို ကယ်ဆယ်ပြီးသိပ်မကြာခင် သေဆုံးသွားခဲ့ပြီး၊ ည ၁၀ နာရီခန့်တွင် သားသမီးအထဲမှ ဒုတိယအငယ်ဆုံး သမီးဖြစ်သူ Nemsiangsangi အလောင်းကို တွေ့ရှိခဲ့သည်ဟုသိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့်အချိန်တွင် မြေသားများ ထပ်မှန်ပြိုကျလာကာ ကယ်ဆယ်ရေးလုပ်နေသူ Laltlanthanga သည် ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသထုတ် သတင်းစာ တွင် ဖော်ပြသည်။ Ngur ကျေးရွာသည် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှ ကီလိုမီတာ ၁၅ အကွာအဝေးတွင် တည်ရှိပြီး ချင်းလူမျိုး အများစုနေ ထိုင်ကြသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
မီဇိုရမ်တွင် မြေပြို ပြီး အိမ်တစ်လုံးပြိုကျမှုကြောင့် သားအမိ သေဆုံး  မီဇိုရမ်တွင် မြေပြို ပြီး အိမ်တစ်လုံးပြိုကျမှုကြောင့် သားအမိ သေဆုံး Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.