တံတားဦးမြို့နယ် အတွင်း ကျေးရွာအချို့ ရေများ ၀င်ရောက်

 ဧရာဝတီမြစ်ရေနှင့် ဒုဌ၀တီမြစ်ရေကြီးခြင်းကြောင့် တံတားဦးမြို့နယ် အတွင်း ကျေးရွာ အချို့ရေများ ၀င်ရောက်
တံတားဦး ဇူလိုင် ၃၁

တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌ၀တီမြစ်ရေများ ၀င်ရောက် မှုကြောင့် ကျေးပေါင်း(၃၄)ရွာသို့ ရေ၀င် ရောက်မှုများရှိသည်။ ထိုရေ၀င်ရောက် မှုကြောင့် ကျေးရွာပေါင်း(၃၄)ရွာ အိမ်ထောင်ခြေပေါင်း (၇၄၇)အိမ်၊ အိမ်စုပေါင်း (၇၄၇)စု၊ လူဦးရေ အားဖြင့်(၂၉၀၈)ဦး၊ တိရစ္တာန်ကောင်ရေ (၂၄၄၂)ကောင် တို့အား ရေလွတ်ရာ ကုန်းမြင့်နေရာ ရေဘေးကယ်ဆယ်ရေး စခန်းများ သို့ပြောင်းရွေ့ နေ ထိုင်လျက်ရှိကြသည်။


ထိုပြောင်းရွေ့နေထိုင်ရာ ရေဘေးကယ်ဆယ်ရေး ကယ်ဆယ်ရေး စခန်းများသို့ ကျောက် ဆည်ခရိုင်၊ အုပ်ချုပ် ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် အုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့်မြို့နယ် အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် အဆိုပါရေဘေး ကယ်ရေးစခန်းများသို့ သွားရောက်ပြီး အားပေး စကား ပြောကြား သည်။


ထို့နောက်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ သည် ရေ၀င်ရောက် သည့် နေရာများ သို့လိုက် လံကြည့်ရှု ပြီးသဲ အိပ်များဖြင့် တားသည့်နေရာ များအား ကျိုးပေါက်မှု မရှိစေရေး၊ ရေ၀င် ရောက်မှုနည်း နိုင်သမျှနည်း ပါးအောင် ဆောင်ရွက်ထားရှိရေးတို့ကိုကြည့်ရှုခဲ့ကြသည် ။

ကျွန်တော်တို့ကျေးရွာမှာ တစ်ရွာလုံးရေ၀င်ရောက်နေပါတယ်၊ ဒီလိုရေ၀င်ရောက် မှုဟာ ကျွန်တော်တို့ အတွက် သာမာန်ဖြစ်ရိုးဖြစ်ပါ။ ဒါပေမဲ့ကျွန်တော် တို့ ရေဘေးသင့်ပြည်သူများ အတွက်အလှူရှင်များ၊ ကယ်ဆယ်ရေး ပစ္စည်း များလိုအပ်နေပါတယ်။ လူတွေအတွက် ၀မ်းစာက လွယ်ကူပြီး တိရစ္တာန်များ အတွက် အစာများ ခဲယဉ်းလျက်ရှိကြောင်း ရေ၀င်ရောက်သည့် ငါးရာပြားကျေးရွာ သားတစ်ဦးကပြောကြားချက်အရ သိရှိရသည်။

ရဲတင့် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တံတားဦးမြို့နယ် အတွင်း ကျေးရွာအချို့ ရေများ ၀င်ရောက် တံတားဦးမြို့နယ် အတွင်း ကျေးရွာအချို့ ရေများ ၀င်ရောက် Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.