ခင်ဦးမြို့တွင် ဆေးခန်းအား အနုကြမ်းစီးမှု ဖြစ်ပွား

ဓါတ်ပုံ - ‎ဆိတ်ဖွား
စစ်ကိုင်း သြဂုတ် ၁ ။

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်တွင် ဒေါက်တာမြဇော် ၏ နေအိမ်ဆေးခန်း၌ သြဂုတ်လ (၁)ရက်နေ့ ယနေ့  နံနက် ၆နာရီ၁၅မိနစ်ခန့် က အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
‪ဓါတ်ပုံ - ဆိတ်ဖွား‬
ဖြစ်စဉ်မှာ ဒေါက်တာ တာဝန်ကျနေချိန်၌ အိမ်တွင် ဒေါက်တာ၏ဇနီးသည်နှင့် သူ၏ကလေးငယ် အိမ်တွင်ကျန်ခဲ့သည်ကို အခွင့်ကောင်းယူကာ တရားခံများက ဒေါက်တာရှိလားဟုမေးပြီ ဝင်လာကာ ဒေါက်တာ၏ဇနီး တံခါးအဖွင့်တွင် လက်ဖြင့် ပါးစပ်ကိုပိတ်ခါ ခုံဖြင့်ရိုက်ပြီ တိတ်ကိုအသုံး၍ လှေခါးနားတွင် လက်ကိုပတ်၍ အိမ်လှေခါးနားတွင် တုတ်ထားပြီး ထားခဲ့ပါသည်။ ပါးစပ်ကိုလဲတိတ်များဖြင့် ပိတ်ထားသည်။ ထို့နောက် ဆွဲကြိုးရှိလားဟု မေးကြည့်ပြီး လက်ဝတ်လက်စားရွှေများ မရှိသည့်အတွက် ဆေးကုသ၍ ရသောပိုက်ဆံများကိုသာ ယူဆောင်သွားကြောင်းသိရသည်။ ဆေးခန်းမှ ဆေးကုသငွေများသာ ယူဆောင်သွားကြောင်း သိရသည်။

သံသယရှိသူများကို ဖမ်းစီးပြီး ရွှေဘိုခရိုင်ရဲတပ်ဖွဲ့များနှင့် ပူပေါင်းကာ အမြန်ဆုံး ဖော်ထုတ်သွားမည်ဟု သိရပါသည်။

BY သစ်ထူးလွင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ