ဇနီး ၂၇ ယောက်ယူပြီး ကလေး ၁၄၅ ယောက်မွေးထားသော ကနေဒါအမျိုးသား


ကနေဒါနိုင်ငံရှိ မယားပြိုင်စနစ်ကို ထောက်ခံသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Mormon အဖွဲ့၏ ခေါင်းဆောင် ၀င်စတင်ဘလက်မိုးသည် ဇနီးသည် ၂၇ ဦး ယူထားပြီး ကလေး ၁၄၅ ယောက် မွေးထားကာ မယားပြိုင်စနစ်ကို ဥပဒေနှင့် ကန့်ကွက်တားမြစ်ထားခြင်းသည် အမျိုးသမီးများ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရ နိုင်သည့် ပြဿနာများဖြစ်ပွားစေရန် လမ်းကြောင်းပေးနေသကဲ့သို့ ဖြစ်နေကြောင်းဆိုခဲ့သည်။

 ဘလက်မိုးကို ကနေဒါ အစိုးရက မယားပြိုင်များထားရှိမှုဖြင့် တရားစွဲဆိုထားပြီး အသက် ၅၉ နှစ်အ ရွယ် ဘလက်မိုးသည် ၂၀၀၇ ခုနှစ်က လည်း မယားပြိုင်ထားရှိမှုဖြင့် ဖမ်းဆီးခံ ခဲ့ရဖူးသည်။

 သို့သော် နောက်ပိုင်းတွင် တရားသေလွတ်မြောက်လာခဲ့ပြီး ကနေဒါ ၌ မယားပြိုင်စနစ်ကို ဥပဒေအရ ခွင့်ပြုပေးရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။

 ဘလက်မိုးက ကနေဒါအစိုးရသည် မိမိကို တရားစွဲဆိုနိုင်ရန် အတူနေစုံတွဲများအား ခွင့်ပြုထားသည့် စည်းမျဉ်းစည်းကမ်းများကို ဦးစွာပြင်ဆင်ရန် လိုအပ်သည်ဟု ဆိုခဲ့သည်။

ဘလက်မိုးက ဇနီးသည်များအား လုံးသည် မိမိကို အလွန်ချစ်ခင်နှစ်သက် ပြီး အချို့ဇနီးသည်များမှာ မိန်းကလေးဘက်မှ စတင်ဆွဲဆောင်၍ လာရောက်ပိုး ပန်းခဲ့ကြခြင်းဖြစ်သည်ဟု ဆိုခဲ့ကြောင်း သိရသည်။

‪မေဇွန်‬ (DM, 4.8.16)
Pyi Myanmar
https://www.facebook.com/pyimyanmarnews
ဇနီး ၂၇ ယောက်ယူပြီး ကလေး ၁၄၅ ယောက်မွေးထားသော ကနေဒါအမျိုးသား  ဇနီး ၂၇ ယောက်ယူပြီး ကလေး ၁၄၅ ယောက်မွေးထားသော ကနေဒါအမျိုးသား Reviewed by THITHTOOLWIN on 04:36 Rating: 5
Powered by Blogger.