မြန်မာအားသမားတွေဖြစ်တဲ့ စန်းယုထွေးနဲ့ ရန်နောင်စိုးတို့ရှုံးနိမ့်ခဲ့ကြ


ဘရာဇီးလ်နိုင်ငံမှာကျင်းပနေတဲ့ ရီယိုအိုလံပစ်ပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့က အားကစားသမားတွေဖြစ်တဲ့ စန်းယုထွေးနဲ့ ရန်နောင်စိုးတို့ဟာ ဒီကနေ့မှာကျင်း ပခဲ့တဲ့ ပြိုင်ပွဲတွေမှာ ပြိုင်ဖက်တွေကိုရှုံးပြီးထွက်ခဲ့ရပြီဖြစ်ပါတယ်။ စန်းယုထွေး ဟာ မြန်မာပြည်သူတွေစိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ မြှားပစ်ပြိုင်ပွဲမှာ ရှုံးထွက် ၁၆ယောက်အဆင့်အထိတက်ခဲ့ပြီး လန်ဒန်အိုလံပစ်ချန်ပီယံ ကိုရီးယား သူ ကီဘိုဘေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒီပွဲမှာ လက်ရှိချန်ပီယံ ကီဘိုဘေက ၃ Set ပြတ်၊ ရမှတ် ၆-၀နဲ့နိုင်ခဲ့ပါတယ်။ ပထမ Set မှာ စန်းယုထွေးက အစောပိုင်း မြှားနှစ်စင်းမှာ ၉နဲ့ ၁၀ ပစ်ထားနိုင်ခဲ့ပြီး ကီဘိုဘေက ၈၊ ၁၀ပစ်ခဲ့ပါတယ်။ တတိယမြှားမှာ ကီဘိုဘေက ၉ ပစ်ခဲ့ပြီး စန်းယုထွေးက ၉ နဲ့ ၁၀ရရင်အနိုင်ရ နိုင်မှာဖြစ်ပေမယ့် ၇ဖြစ်သွားခဲ့လို့ ကီဘိုဘေက ၂၇-၂၆နဲ့နိုင်ခဲ့ပါတယ်။ ဒုတိယနဲ့ တတိယ Set တွေမှာတော့ ကီဘိုဘေက ၂၉-၁၇၊ ၂၉ -၂၇နဲ့နိုင်ပြီး ကွားတားဖိုင်နယ်တက်ခဲ့ပါတယ်။ မြန်မာမြှားပစ်မယ်ကို အနိုင်ယူခဲ့တဲ့ ကီဘို ဘေဟာ ဆီမီးဖိုင်နယ်မှာ တစ်နိုင်ငံတည်းသူ ချန်ဟိုင်ဂျန်ကို မထင်မှတ်ဘဲ ရှုံး နိမ့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ လေတိုက်နှုန်းမြင့်မားခဲ့လို့ နှစ်ယောက်စလုံးသိသိသာသာ ရုန်းကန်ခဲ့ရပြီး ကီဘိုဘေရှုံးနိမ့်ခဲ့ပါတယ်။ ဖိုင်နယ်မှာတော့ ချန်ဟိုင်ဂျန်က ဂျာမနီသူ လီဆာာအနူကို ၆-၂နဲ့နိုင်ပြီး ရွှေတံဆိပ်ရရှိသွားခဲ့ပါတယ်။ ကီဘိုဘေ ကတော့ မက္ကဆီကိုသူဗလန်စီယာကိုနိုင်ပြီး ကြေးတံဆိပ်ရခဲ့ပါတယ်။

မြန်မာဂျိုဒိုသမား ရဲနောင်စိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကီလို ၁၀၀တန်းပြိုင်ပွဲမှာ တော့ ရဲနောင်စိုးဟာ ဒုတိယအဆင့်မှာ ထရီနီဒတ်တိုဘေဂိုးက ခရစ္စတိုဖာ ဂျော့ခ်ျကို နိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်မှာ ဂျာမနီနိုင်ငံသာ ကားရစ်ချက်ဖာရေ ကို ရှုံးခဲ့လို့ တတိယအဆင့်ကထွက်ခဲ့ရပါတယ်။


အိုလံပစ်ရွှေတံဆိပ် ၂၁ခုရှင် မိုက်ကယ်ဖဲလ်ပါဝင်တဲ့ အမျိုးသားမီတာ ၁၀၀လိပ် ပြာကူးပြိုင်ပွဲမှာ မြန်မာရေးကူးသမားမြတ်သစ် ၀င်ပြိုင်ခဲ့ပြီး Heat မှာ အဆင့် ၄၃သာရခဲ့ပါတယ်။ ရေကူးမယ် အိအိသက် ကတော့ အမျိုးသမီးမီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲရဲ့ Heat ကို မနက်ဖြန်မှာယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်တလောကျင်းပပြီးခဲ့တဲ့ပြိုင်ပွဲတွေအရ အမေရိကန်ကပဲ ထိပ်ဆုံးက ဦး ဆောင်နေပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
မြန်မာအားသမားတွေဖြစ်တဲ့ စန်းယုထွေးနဲ့ ရန်နောင်စိုးတို့ရှုံးနိမ့်ခဲ့ကြ  မြန်မာအားသမားတွေဖြစ်တဲ့ စန်းယုထွေးနဲ့ ရန်နောင်စိုးတို့ရှုံးနိမ့်ခဲ့ကြ Reviewed by THITHTOOLWIN on 03:47 Rating: 5
Powered by Blogger.