ဆင်လေးရေတွင်းထဲ ကျသွားသဖြင့် ဆင်မကြီးက ညလုံးပေါက် အော်ဟစ် အကူအညီတောင်း


ဆင်မကြီးတစ်ကောင်ဟာ သူ့သားလေးရေတွင်းထဲ ပြုတ်ကျသွားတဲ့အတွက် ညလုံးပေါက် အော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ ဆင်အကောင်ပေါင်း ၆၀ ပါတဲ့ ဆင်အုပ်ကြီး အိန္ဒိယနိုင်ငံရမ်ဂါခရိုင်ကို ဖြတ်သွားတုန်းမှာ ဆင်ပေါက်လေးဟာ ရေတွင်းထဲ ပြုတ်ကျသွားတော့တာပါ။

ဒါကြောင့် ဆင်မကြီးဟာ သူ့သားလေးကို ရေတွင်းထဲက ဆွဲထုတ်ဖို့ ညလုံး ပေါက်အားထုတ်လိုက်၊ မရရင် အော်လိုက်နဲ့ နေပါတော့တယ်။ သူ အဲဒီလို သားဇောကပ်နေချိန်မှာ တခြားဆင် ရှစ်ကောင်ကလည်း အနားက မခွာစတမ်း ရှိနေပါတယ်။

 ဆင်မကြီးက ညလုံးပေါက် တ၀ူးဝူးနဲ့ အော်နေတာကြောင့် ဆူထရီရွာသားတွေ ဟာလည်း တစ်ညလုံးအိပ်မရကြပါဘူး။ ဆင်အုပ်ကြီး သူတို့သီးနှံခင်းတွေကို မဖျက် ဆီးဘဲအနီးက သစ်တောထဲ မြန်မြန်ဝင်သွားပါစေလို့ သူတို့မှာ ဘုရားတနေရတာပေါ့။

မနက်လည်း မိုးလင်းရော လူတစ်စုက ရေတွင်းနား သွားစုပါတော့တယ်။ လူတွေရောက်လာတော့ ဆင်မကြီးကလည်း အသာအယာပဲ နောက်ဆုတ်ပြီး ခြုံပုတ်နောက်က ဆင်အုပ်နဲ့ သွားနေ လိုက်ပါတယ်။ ဆင်မကြီးအဖြစ်ကို ကြည့် ပြီး ရင်မချိလှတာမို့ ရွာသားတချို့က ဆင်ပေါက်လေးကို ရေတွင်းထဲကနေခဲရာခဲ ဆစ် ဆွဲထုတ်ပေးလိုက်ပါတော့တယ်။

‪ချယ်ရီ‬(CCTV, 6.8.16)
Pyi Myanmar
https://www.facebook.com/pyimyanmarnews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ