ကလေးမြို့အဝင် အန္တရာယ်အကွေ့၌ယာဉ်တိမ်းမှောက်


ကလေး၊ သြဂုတ် ၁၀။

ကလေးမြို့ ကလေး-ကလေးဝလမ်း ဖောင်ကူးတံတားအနီး ဒေသအခေါ်ဖောင်ကူးအန္တရာယ်အကွေ့၌ သြဂုတ် ၁၀ ရက်နေ့ ညနေပိုင်းတွင် ထင်းများသယ်ဆောင်လာသည့် လိုက်ထရပ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


''ကားကအကွေ့ကို တအားမောင်းပြီး သူဟာသူအရှိန်မထိန်းနိုင်ပဲ လမ်းဘေးထိုးကျပြီး မှောက်သွားတာ။ ကံကောင်းတယ် ခေါင်းခန်းမှာ လူတွေပါတယ်။ ဘာမှမဖြစ်ကြဘူး။ အဲ့အချိန် တစ်ဖက်ကလည်း ယာဉ်အသွားအလာ မလာသေးလို့ ''ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။


၎င်းနေရာသည် နှစ်စဉ်ဆိုသလို ယာဉ်မောင်းမဆင်မခြင်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ သေဆုံးမှုများဖြစ်သည့် နေရာတစ်ခု ဖြစ်သည်။

ယခု ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်၌ လူသေဆုံးမှုမဖြစ်ကြောင်း သိရသည်။

စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar/
ကလေးမြို့အဝင် အန္တရာယ်အကွေ့၌ယာဉ်တိမ်းမှောက်  ကလေးမြို့အဝင် အန္တရာယ်အကွေ့၌ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 04:45 Rating: 5
Powered by Blogger.