ဆက်ကြေးလာရောက် ကောက်ခံသည့် KIO အဖွဲ့ဝင်လေးဦးအားဖမ်းဆီးရမိ

ဖမ်းဆီးရမိ KIO အဖွဲ့ဝင်များကို သိမ်းဆည်းရမိ ပစ္စည်းများနှင့်အတူ တွေ့ရစဉ်
နေပြည်တော် ၊ ၁၀-၈-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာ အုပ်စု၊ ရှရော်ခကျေးရွာ ရှိ ရာအိမ်မှူး ရုံးဟောင်း၌ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) အဖွဲ့မှ ဆက်ကြေး ကောက်ခံရန် ချိန်းဆိုထားကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းမှ အသွင်ယူ စောင့်ဆိုင်းနေစဉ် KIO အဖွဲ့မှ ဖားကန့် ဒုတိယတိုက်နယ်မှူး အဆင့်ရှိ ရှရွယ်ဂျာနော် (ဘ) ဦးရှရွယ်လအောင် အား ပါရာဒို အမျိုးအစား ယာဉ်တစ်စီး နှင့်လည်းကောင်း၊ လထော်ဂျက်အောင် (ဘ) ဦးလထောင်နော်အိန် ကို KENBO အမျိုးအစား ဆိုင်ကယ်တစ်စီး နှင့် လည်းကောင်း ဖမ်းဆီးရမိ ခဲ့သည်။

၎င်း တို့နှစ်ဦး၏ ထွက်ဆိုချက် အရ တိုက်နယ်ရုံးမှ ရုံးအဖွဲ့များ နေထိုင်ကြောင်း သိရသဖြင့် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် ရှိ KIO အဖွဲ့မှ ဖားကန့် တိုက်နယ်မှူး အဆင့်ရှိ လဆိုင်း နေထိုင်သော အိမ်အမှတ်၊ (၄/၁ဝ)ကို တပ်မတော် စစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ည ၁၁ နာရီခန့်တွင် ရှာဖွေ ရှင်းလင်းရာ စာရေး အဆင့်ရှိ မရန်ဇော်နန် (ဘ) ဦးမရမ် ဇော်ဂွန်း နှင့် တပ်သား အဆင့်ရှိ လတောင်တူးနန် (ဘ) ဦးလတောင် နော်မိုင် တို့ကို ဆက်ကြေး ကောက်ခံစာ ရေးထားသည့် ဗလာစာအုပ် တစ်အုပ်၊ ဈေးဆိုင်အမည်ပါ စာရင်းစာအုပ် တစ်အုပ် အပါအဝင် သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။

ထို ဖမ်းဆီးရမိသူ များအား တရားဥပဒေ အရ ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မြို့မရဲစခန်း (ဖားကန့်) သို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ဆက်ကြေးလာရောက် ကောက်ခံသည့် KIO အဖွဲ့ဝင်လေးဦးအားဖမ်းဆီးရမိ  ဆက်ကြေးလာရောက် ကောက်ခံသည့် KIO အဖွဲ့ဝင်လေးဦးအားဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 04:45 Rating: 5
Powered by Blogger.