ခိုးဝင် ဘင်္ဂလီများသယ်ဆောင်ပြီး စစ်ဆေးရေးဂိတ်တွင် မောင်းပြေးသောယာဉ်အား ငဖဲမြို့နယ်အတွင်း ဖမ်းဆီးရမိ


သြဂုတ်-၁၁၊ ငဖဲ

ခိုးဝင် ဘင်္ဂလီများ တင်ေဆာင်လာပြီး ဂုတ်ကြီး စစ်ဆေးရေးဂိတ်တွင် မောင်းနှင်ထွက်ပြေးသော မောတော်ယာဉ်ကို စစ်တွေ-ရန်ကုန် လမ်းမကြီး ငဖဲမြို့နယ် စာတတ်ကူမောင်းတံဂိတ်တွင် ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၀၂း၁၀ မိနစ်မှာ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

"မနက်အာရုဏ်မှာ စစ်ဆေးဖို့တားတာကို မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးတယ်၊ငဖဲ စာတတ်ကူ မောင်တံဂိတ်မှာ မရပ်တန့်ဘဲ နောက်ပြန်လှည့်ပီး မောင်းပြေးဖို့လုပ်သေးတယ်၊ ပဒန်းရဲကင်းမှုးအဖွဲ့နဲ့ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့တာပါ"ဟု ဂုတ်ကြီး ရဲကင်းမှုး ရဲအုပ်ကျော်မျိုးမှ ပြောသည်။


ဖမ်းဆီးရမိသည့် ဘင်္ဂလီများမှာ မင်းပြားမြို့နယ် စင်္ကြာရွာမှဖြစ်ပြီး ယာဉ်ပိုင်ရှင်အပါအဝင် လေးဦးမှ ဘင်္ဂများကို တဦးလျှင် ငွေကျပ် ၇သိန်းဖြင့် ကြားညှပ်ပြီး သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။

တင်ဆောင်လာသည့် Caldina အဖြူရောင်ယာဉ် 4D/2427 ပိုင်ရှင်ဖြစ်သည့် ပြည်မြို့နေ ဦးတင်ထွန်းနှင့် ယာဉ်မောင်း ပေါင်းတည်မြို့နယ်နေ မင်းမောင်မောင်ပြုံး အပါအဝင် လေးဦးနှင့် ဘင်္ဂလီနှစ်ဦး တို့အား ငဖဲမြို့နယ် ရဲစခန်းမှ လဝကပုဒ်မ ၆( ၃ )ဖြင့် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဂုတ်ကြီး ရဲကင်းမှုး ရဲအုပ်ကျော်မျိုးမှ ပြောသည်။

ရန်ကုန်-စစ်တွေကားလမ်း ငဖဲမြို့နယ် ဂုတ်ကြီး ရဲကင်းစခန်းတွင် ယခုနှစ် ၂၀၁၆ခုနှစ်အတွင်းတွင် ခိုးဝင် ဘင်္ဂလီများကို တရားမဝင်သယ်ဆောင်လာမှုကို လေးကြိမ်ဖမ်းဆီးရမိခဲ့ပြီး၊ ဘင်္ဂလီ ၂၄ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။

ဖိုးသီဟ(မြတ်သူထွန်း)
ဓာတ်ပုံ-ရဲအုပ်ကျော်မျိုး
https://www.facebook.com/thi.ha.16
ခိုးဝင် ဘင်္ဂလီများသယ်ဆောင်ပြီး စစ်ဆေးရေးဂိတ်တွင် မောင်းပြေးသောယာဉ်အား ငဖဲမြို့နယ်အတွင်း ဖမ်းဆီးရမိ  ခိုးဝင် ဘင်္ဂလီများသယ်ဆောင်ပြီး စစ်ဆေးရေးဂိတ်တွင် မောင်းပြေးသောယာဉ်အား ငဖဲမြို့နယ်အတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 06:26 Rating: 5
Powered by Blogger.