မူးယစ်ဆေးသုံးစွဲသူ နမ္မတူဒေသခံ ၂၀ ကျော်အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွား


ဩဂတ်စ်လ ၆ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင်မူးယစ်ဆေးသုံးစွဲသူများ အား ကြာသပတေးနေ့ည က လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ဝင်ရောက် ဖမ်းဆီးသွားရာ ၂၀ ယောက်ကျော်ပါသွားကြောင်း သိရသည်။

ဩဂတ်စ်လ ၄ ရက်နေ့ ည က အင်အား ၅၀ ခန့်ရှိ အရပ်ဝတ် လက်နက်ကိုင် အဖွဲ့တဖွဲ့က မန်စံအုပ်စု အတွင်းဝင်လာကာ မူးယစ်ဆေးသုံးစွဲနေသူများ ရှိသည့်အိမ်သို့ဝင်ကာ ဆေးသုံးနေသူ များအား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မန်စံဒေသခံစိုင်းအိုက်လွယ်က သျှမ်းသံတော်ဆင့်အား ပြောသည်။

“ အရပ်ဝတ်နဲ့ လက်နက်ကိုင်အဖွဲ့က မူးယစ်ဆေးသုံးသူတွေ ဘယ်အိမ်က ဘယ်သူဘိန်းစားဆိုတာ စာရင်းနဲ့ကိုလာတာ။ တံခါးခေါက်ယူတာ။ ည ၇ နာရီလောက်စဖမ်းတာ ည ၁၀ နာရီလောက် အားလုံးကို ခေါ်ပြီး ရွာကနေပြန် ထွက်သွားပြီ။ မန့်မိုင်ဘက်ပြန်ထွက်သွားတာ။ လိုက်ထရပ်တစီးနဲ့ ဖိုးဝှီး အနက် ရောင် တစီးပါလာတယ်။ အဲတာကြီးနဲ့တင်သွားတယ်။ ” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။


မန်စံအုပ်စုတွင် ၈ ရပ်ကွက်ရှိရာ အိမ်ခြေ ၇၀၀ ကျော် လူဦးရေ ၄၀၀၀ ဝန်း ကျင်ခန့်ရှိပြီး မူးယစ်ဆေးသုံးစွဲသူမျာလည်း တော်တော်များပြားေ ကြာင်း၊ ဆေး သုံးသူ များပြား သည့်လျောက် ထိုသို့မကြာခဏ ဝင်ဖမ်းလေ့ရှိကြောင်း နမ္မတူရောက်မန်စံဒေသခံ ဒေါ်ပါ့နန်းက လည်းပြောသည်။

“အရင်ကတော့ အခွင့်အရေးတရပ်ယူပြီး လက်နက်ကိုင်အုပ်စုတခုက လူတွေ မကြာလာဖမ်းတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုနဲ့။ တချို့က မူးယစ်ေ ဆးဝါးနဲ့ မပတ်သက်ဘဲနဲ့ခံရတာတွေလဲရှိတယ်။ ပိုက်ဆံ သိန်းတရာလောက် အထိ ပြန်သွားရွေးရတယ်။ အခုလာဖမ်းတာတော့ သျှမ်းလိုပြောတယ်။ အကျင့် စာရိတ္တပြုပြင်ပေးဖို့ဘဲယုံကြည်ပါတယ်။ ဖမ်းခံရတဲ့သူတွေက တကဲ့ သုံးစွဲတဲ့ သူတွေလေ။ ကျမတို့တော့ SSPP တပ်မဟာ ၁ ကလို့ထင် ရပါတယ်။ ” ဟု ဆိုပါသည်။

သို့သော် သျှမ်းပြည်တိုးတက်ရေးပါတီဘက်က အဆိုပါကိစ္စနှင့်ပတ်သက်၍ တစုံတရာပြောဆို တုန့်ပြန်ခြင်းမရှိသေးပေ။

လက်ရှိတွင် နမ္မတူမြို့နယ် မန်စံအုပ်စု မိန်းမု အုပ်စုဘက်တွင် မူးယစ်ဆေးသုံးစွဲ သူ အင်မတန် များပြားလာနေပြီး ယာဘတပြားကျပ် ၄၀၀ ဝန်းကျင်ဖြင့်ဝယ် ယူ သုံးစွဲနေ သည်ကိုတွေ့ရကြောင်း ဆိုပါသည်။

မန်စံအုပ်စုသည် လားရှိုးမြို့ အနောက်ဘက် မိုင် ၃၀ ခန့်အကွာ၊ နမ္မတူမြို့ တောင်ဘက် ၂၀ မိုင်ခန့်အကွာတွင်ရှိပါသည်။

ဓါတ်ပုံ- မန်စံရွာလယ်
သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
https://www.facebook.com/Panglong.burmese
မူးယစ်ဆေးသုံးစွဲသူ နမ္မတူဒေသခံ ၂၀ ကျော်အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွား  မူးယစ်ဆေးသုံးစွဲသူ နမ္မတူဒေသခံ ၂၀ ကျော်အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 13:11 Rating: 5
Powered by Blogger.