မန္တလေးတိုင်းအတွင်း ရေကြီးနေမှုကို သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ Photo: Hset Paing Toe/RFA |
ဧရာဝတီတိုင်းမှာ ခရိုင် ၃ ခုအတွင်း ၁ဝ မြို့နယ်ကျော် ရေကြီးနစ်မြုပ်နေတာကြောင့် လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော်ကို ရပ်နားထားကြောင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ဟသာင်္တခရိုင်က ရေဘေးဒဏ်အများဆုံးခံနေရပြီး မြန်အောင်၊ ကြံခင်း၊ ဟသာင်္တ၊ အင်္ဂပူ၊ မအူပင်၊ ဓနုဖြူနဲ့ ပန်းတနော်မြို့တွေမှာ ရေဘေးဒုက္ခသည် ၅ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်နဲ့ မကွေးတိုင်းဒေသကြီးတွေမှာ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး မကွေးတိုင်းမှာ နှစ်သိန်းနီးပါး ရေဘေးဒုက္ခရောက်နေ တာဖြစ်ပါတယ်။
သေဆုံးသူ ၄ ဦးက စစ်ကိုင်းတိုင်းမှာ ၂ ဦးနဲ့ ကချင်ပြည်နယ်မှာ ၂ ဦး ဖြစ်ပါတယ်။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တွေ ဟာ မြစ်အထက်ပိုင်းမှာ ရေပြန်ကျလာပြီဖြစ်ပေမယ့် မြစ်အောက်ပိုင်း ဒေသတွေမှာ မြစ်ရေမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရေဘေးဒုက္ခသည် ၃ သိန်းကျော် ရှိနေပြီ
Reviewed by THITHTOOLWIN
on
19:48
Rating: