ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှု ဖြစ်ပွား


ကျိုက်ထို သြဂုတ် ၁၃

မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင် အမှတ် ၉၉ /၄ နှင့် ၉၉/ ၅ အကြားတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်၌ ဆီဘောက် ဆာ ၂၂ ဘီး ယာဉ် တိမ်းမှောက် ခဲ့သည်။

အဆိုပါယာဉ်အား ယာဉ်မောင်းဟန်ဝင်းအောင် မောင်းနှင် ပြီး ဆန်းဝင်းအောင် လိုက်ပါလျှက် ဘားအံ ဘက်မှ ပဲခူးဘက်သို့ မောင်းနှင်လာရာ အရှိန်မထိန်းနိုင်ပဲ လမ်း၏ ဝဲဘက်သို့ တိမ်းမှောက်ခဲ့ပြီး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။


ယာဉ်ပေါ်ပါဆီများအား အခြားဆီဘောက်ဆာ ယာဉ်ပေါ် သို့ စုပ်ယူနိုင်ရေးနှင့် ယာဉ်အား ကရိန်းဖြင့်ပြန်လည် တည့်မတ်နိုင်ရေး ယာဉ်လမ်းကြောင်းများ ပိတ်ဆို့မှု မရှိစေရေး အတွက်မြို့ နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးမြင့်သိန်းဦး နှင့် မြို့ နယ် မီးသတ်ဦးစီးမှူး ဦးတင်ထွေးတို့က ကြီးကြပ် ဆောင်ရွက်ခဲ့ကာ ယာဉ်မောင်း အား အရေးယူ နိုင်ရေး အတွက် စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

မြို့ နယ် (ပြန်/ဆက်)
https://www.facebook.com/MOIWebportalMyanmar
ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှု ဖြစ်ပွား  ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 00:21 Rating: 5
Powered by Blogger.