လားရှိုးမြို့ မှာ ဓါးဖြင့်ခုတ်၍ ထွက်ပြေးနေသူအား ရဲတပ်ဖွဲ့ဝင်များမှရှာဖွေနေ
အထက.၁ ကျောင်းအနီးမှာ ရဲကားများ ဓါးနဲ့ရမ်းကားပြီး ထွက်ပြေးနေသူကို ရှာနေ။
၁၃-၈-၂၀၁၆
သြဂုတ်လ (၁၃)ရက်နေ့ ယနေ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက်(၁)ရုံးအနီး 1 star လက္ဖက်ရည်ဆိုင်မှ ဦးသောင်းဝင်းစိုးသည် ၄င်းဆိုင်အနီး ကလေးငယ်များနှင့် ထိုင်နေစဉ် အဆိုပါ 1star ဆိုင်နှင့်ကပ်လျက်ဆိုင် မှ စိတ်ဝေဒနာရှင်တဦးမှ နောက်ကျောမှနေ၍ အရိုးအသွား ၂ ပေခန့်ရှည်သည့် ဓါးဖြင့်ခုတ်လိုက်ရာ ဦးသောင်းဝင်းစိုး မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပါကြောင်းနှင့် စိတ်ဝေဒနာရှင်တရားခံအား ဖမ်းဆီရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြပါကြောင်း သတင်းရရှိပါသည်။
ဓါးဖြင့်ခုတ်၍ ထွက်ပြေးသွားသူသည် လူပုံစံ အနည်းငယ်ဝပြီး ကုလားစင်ရုပ်ပေါက်သည်။
နောက်ဆုံးတွေ့ ရှိချိန်တွင် အင်္ကျီအကွက်၊ ပုဆိုးအကွက် ၀တ်ထားသည်။
ပုဆိုးကို ဒူးနားအထိ ခပ်မြင့်မြင့်ဝတ်တတ်သည်။
ဗယ်လက်၊ ရင်ဘတ်၊ ညာခြေထောက် တို့ တွင် ခရုသင်းများ စွဲနေသည်။
၂ ပေ ခန့် ရှိသော ဓါးတစ်လက်ကိုင်ဆောင်ထားသည်။
ရပ်ကွက် (၁) ဘုရားလမ်း၊ ခရစ်ယာန်ဝတ်ပြုကျောင်းရှေ့ တွင်
၁၂း၀၀ ခန့် က ပျောက်သွားသည်။ ရဲတပ်ဖွဲ့ မှ အပူတပြင်း ရှာဖွေနေသည်။
လူသတ်တရားခံဟုယူဆရသူအား တွေ့ ရှိပါက အောက်ပါဖုန်းများသို့ ချက်ခြင်းအကြောင်းကြားပါရန်။
မြို့မရဲတပ်ဖွဲ့စခန်း - 082 2203304
နယ်မြေရဲစခန်း - 082 2203305
ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူးဖုန်း - ၀၉ ၂၅၃၁၀၀ ၃၂၂
ခရိုင်ရဲတပ်ဖွဲ့မှူးရုံး - 082 23388
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - 082 23078
Lashio News Diary ဖုန်း - ၀၉-၇၈၈ ၃၂၇၁၀၂
Powered by Blogger.