မိုင်းပျဉ်းမြို့၌ မိုးရွာသွန်းမှုကြောင့် နှစ်ထပ်အိမ်တစ်လုံးပြိုကျပျက်စီး


(မိုင်းပျဉ်း သြဂုတ် ၁၃)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက် တွင် သြဂုတ် ၁၂ ရက် က မိုးရွာသွန်းမှုကြောင့် နှစ်ထပ်နေအိမ်တစ်လုံး၏ ညာဘက်အခြမ်း နံရံပြိုကျပျက်စီးခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်းသိရသည်။

အဆိုပါ ပျက်စီးခဲ့သည့်နေအိမ်သို့ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပစ္စည်းများ ပြောင်းရွှေ့ပေးခြင်း၊ ယာယီပြောင်းရွှေ့နေနိုင်ရန် မိုးကာတဲ ဆောက်လုပ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


ပြိုကျပျက်စီးခဲ့သည့် အဆိုပါနေအိမ်မှာ လွန်ခဲ့သောနှစ်ပေါင်းများ ၅၀ ခန့်က အုတ်စိမ်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

azm
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai

မိုင်းပျဉ်းမြို့၌ မိုးရွာသွန်းမှုကြောင့် နှစ်ထပ်အိမ်တစ်လုံးပြိုကျပျက်စီး  မိုင်းပျဉ်းမြို့၌ မိုးရွာသွန်းမှုကြောင့် နှစ်ထပ်အိမ်တစ်လုံးပြိုကျပျက်စီး Reviewed by THITHTOOLWIN on 00:26 Rating: 5
Powered by Blogger.