မြေပြိုမှုကြောင့် ဟားခါးမြို့နယ်၊ သီနမ်ကျေးရွာ၌ လူတစ်ဦးသေဆုံး


ဟားခါး သြဂုတ် ၂

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁ ရက် ည ၁၁ နာရီခွဲက ဟားခါးမြို့ အရှေ့တောင်ဘက် ၃၆ မိုင် ၁ ဖာလုံခန့်အကွာတွင် ရှိသော ဟားခါး-ဂန့်ဂေါလမ်းပေါ်ရှိ သီနမ်ကျေးရွာ၌ မြေပြိုမှုဖြစ်ပွား၍ အိမ်ပြိုကျပျက်စီးခဲ့ပြီး ၄င်းအိမ်၏ အောက်ထပ်တွင် အိပ်နေသော ဒေါ်ဆန်လျန် အသက်(၇၀)ကျော်မှာ ပြိုကျနေသော အိမ်ပိ၍ သေဆုံးခဲ့ကြောင်းနှင့် ယင်းမြေပြိုကျမှုကြောင့် ကားလမ်း ပိတ်ဆို့မှုဖြစ်ကာ ယာဉ်သွားလာ မှု ပြတ်တောက်လျက်ရှိကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်ရှိသည့် ၄င်း၏မိသားစုဝင်(၄)ဦး ကို ဆွေမျိုးတော်စပ် သူ ဒေါ်ဆွေအီယာန်း၏နေအိမ်သို့ ကျေးရွာပြည်သူ များမှ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်းနှင့် ပြိုကျသည့် အိမ်အနီးအနား ရှိ နေအိမ်(၃)လုံးကိုလည်း အန္တရာယ်ရှိ၍ နီးစပ်ရာဆွေမျိုးများနေအိမ် သို့ ပြောင်းရွှေ့ နေထိုင်စေကြောင်း သိရှိရသည်။

ဟားခါး ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြေပြိုမှုကြောင့် ဟားခါးမြို့နယ်၊ သီနမ်ကျေးရွာ၌ လူတစ်ဦးသေဆုံး  မြေပြိုမှုကြောင့် ဟားခါးမြို့နယ်၊ သီနမ်ကျေးရွာ၌ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.