ကျောင်းကုန်းမြို့ ကမ်းနားလမ်း ရေနစ်မြုပ်ပြီဖြစ်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် မိုးရွာသွန်းမှု များသောကြောင့် ဒါးကမြစ်ရေ မြင့် တက်လာခဲ့သည်။ သြဂုတ် ၂ ရက်နေ့ နံနက်ပိုင်းက ကျောင်းကုန်းမြို့ ကမ်းနားလမ်းအနိမ့်ပိုင်း နေရာများ ရေစ တင်နစ်မြုပ်ကုန်ပြီ ဖြစ်သည်။


ဆည်မြောင်း ဦးစီးဌာန၏ တိုင်းထွာချက်များအရ ရေအမှတ်သည် (၁၄.၃၅)ပေ ရောက်ရှိနေပြီ ဖြစ်သည်။ ကျောင်းကုန်းမြို့ အနေဖြင့် စိုးရိမ်ရေအမှတ် သတ်မှတ်ထားခြင်း မရှိသော်လည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေလျှက်ရှိပြီး၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သိရသည်။

ကျောင်းကုန်းမြို့၏ မြို့မဈေး ကမ်းနား သင်္ဘောဆိပ်ရှိ ဝင်းမြန်မာ စားသောက် ဆိုင်နှင့် ရေယာဉ်ဂိတ်မှူးရုံးတို့ ရေနစ်မြုပ်၍ ပြောင်းရွှေ့ဖွင့်လှစ်ထားရကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောင်းကုန်းမြို့ ကမ်းနားလမ်း ရေနစ်မြုပ်ပြီဖြစ်  ကျောင်းကုန်းမြို့ ကမ်းနားလမ်း ရေနစ်မြုပ်ပြီဖြစ် Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.