ငွေမျက်နှာပဲကြည့်တဲ့ မန္တလေးက လိုင်းကားသမားများနဲ့ Facebook ပေါ်မှ ရိုက်ခတ်သံ


ဇူလိုင်လ ၂ ရက် ၂၀၁၆

မန္တလေးက လိုင်းကားသမားများ မိုက်ရိုင်းချက်နဲ့ ငွေမျက်နှာပဲကြည့်တာကတော့ ကိုယ်တွေ့ပါပဲ၊
လူကောင်းတွေရှိပေမယ့် နောက်တခါသွားရင် အဲလိုကောင်မျိုးနဲ့မကြုံပါရစေနဲ့လို့ ဆုတောင်းပါတယ်၊
ဖြစ်တာက မိတ္တီလာကစပါတယ် မိတ္တီလာ မန္တလေးဟိုင်းလတ် ကျတော်မန္တလေးသွားဖို့ တက်စီးလာခဲ့တယ် ဝမ်းတွင်းရောက်တော့ ဈေးသည်အမျိုးသမီးတစ်ဦးတက်တယ် နွမ်းပါးနေပါတယ်၊ ကားခတောင်းတော့ အမျိုးသမီးကြီးက ပေးပါတယ် ကားသမားက ၃၀၀ထပ်တောင်းပါတယ် အမျိုးသမီးကြီးက ထပ်မပေးနိုင်ကြောင်း သူမပေးတဲ့ငွေထဲ တန်ဆာခပါပြီးကြောင်း မနေ့ကလဲ ဒီနှုန်းထားပဲဖြစ်ကြောင်းပြောပါတယ်။

 ဒီလိုအခြေအတင်ပြောလာတာ ကျောက်ဆည်ရောက်တဲ့အထိပါပဲ တကယ်သာဆို ငွေ ၃၀၀ဆိုတာ လဖက်ရည်တခွက်နဲ့မုန့်တခုစာပါပဲ ကားခကို ပိုတောင်းနေသည်မှာ ဝမ်းတွင်းမှသည် ကျောက်ဆည်တိုင်အောင် အခြေအတင်ပြောပြီး တောင်းလာကြတာပါ မပေးမချင်းနစ်နစ်နာနာတွေပါပြောနေတာကို ဟိုင်းလတ်ကားမို့ တလုံးချင်းပီသအောင်ကြားနေရပါတယ်။

ဖြစ်ချင်တော့ ကျောက်ဆည်ဆင်ဆုပေးပွဲတိုးနေလို့ ကားကအချိန်ကြာစွာရပ်နေရတော့ ပိုနားငြီးလာပါတယ်၊
ကိုယ်လဲမနေသာတော့ပဲ ရော့ ဆိုပြီး ၅၀၀တန်တရွက်ထုတ်ပေးပြီး ခင်ဗျားတို့တွေတလမ်းလုံးဗျာ ငွေ၃၀၀လေးကို ပါလာသူတွေအိပ်နေတာမှအားမနာ အဲမိန်းမအတွက်ပေးတာဆ်ုပြီးပေးမှ အသံတိတ်သွားပါတယ် တကယ်လဲယူပါတယ်နော်။

ငွေကိုဒီလောက်သည်းမည်းနေကြတာပါ ဟိုအမျိုးသမီးကြီးကို ကားပေါ်ကဘာလို့မဆင်းလဲလို့မမေးလိုက်ပါနဲ့ သူဆင်းမယ်ငွေပြန်ပေးပြောတော့ မပေးနိုင်ပါဘူးတဲ့ တကားလုံးအသံတိတ်နေတာမို့ အံ့သြမိပါတယ်၊
တကယ်ဆို မန္တလေးတိုင်းသားချင်း မတရားတာ ကူပေးသင့်ပါတယ်။


ဒါနဲ့ မြို့ထဲရောက်လာပြီ ဘုရားကြီးဖူးတယ် မန္တလေးတောင်တက်တယ် တောင်အောက်ဆင်းဖို့ ကားတက်စီးတယ် ရွှေတွဲလဲ ငွေတွဲလဲနဲ့ မိန်းကလေးတွေတက်လာတယ် ၅ယောက်လောက်ရှိပါမယ် ဒါနဲ့ကားသမားက ကားခတောင်းပါလေရော ကျတော်ကတော့ပေးလိုက်ပါတယ် ဘယ်လောက်ရယ်တော့ ကိုယ်လဲမသိတော့ တောင်းဈေးပဲပေါ့ အဲအချိန်မှာအဲအမျိုးသမီးတစုက ပုံမှန်ဈေးထက်ပိုတောင်းလို့ဆိုပြီး သူတောင်းတဲ့အတိုင်းမပေးပဲ ပုံမှန်ဈေးပဲပေးပါတယ် အခါကြီးရက်ကြီးဆို ကျွန်တော်တို့မြန်မာလိုင်းကားတွေ ဈေးတင်တောင်းတာ တော်တော်ရှက်စရာပါ။

ဒါနဲ့ မပေးမချင်းကို ဝမ်းတွင်းကိစ္စလိုပဲ တလမ်းလုံးပွမ်လာပါတယ် ဟိုကလဲ လူငယ်အုပ်စုဆိုတော့ ပိုဆိုး အသံကိုစီနေတာပဲ။
ဒါနဲ့ကားသမားက စပယ်ယာတင်မကပါဘူး ဒရိုင်ဘာကပါ ကားရပ်ပြီးပြောတယ် မကျေနပ်ရင်ဆင်းတဲ့ ဘယ်လောက်မှပြန်မရဘူးလုပ်ပြန်ရော ဟိုကလဲပြန်မရရင်တန်သလောက်စီးမယ်ရွဲ့ကော၊ ဒါနဲ့ မန်းစည်ပင်ရှေ့ရောက်လာတယ် ကားထိုးရပ်တယ် နင်တို့တွေပိုက်ဆံ ဒီနေရာမှာဆုံးတယ်ဆိုပြီး ရပ်ပြန်ရော ကားအောက်ဆင်းပြီးရန်ဖြစ်ကြပါလေရော တကယ်ဆို တယောက်ကို ၁၀၀ ၂၀၀ လောက်ပိုတောင်းတာပါ၊ ၁၀၀ ၂၀၀နဲ့ကပ်နေကြတဲ့ ရွှေတွဲလဲ မမတွေနဲ့ အခါကြီးရက်ကြီးမှာ ပိုတောင်းရုံတင်မဟုတ် ကားပါခဏခဏရပ်ပြီး မပေးရင်မမောင်းဘူးလို့တောင်ပြောတဲ့ ဒရိုင်ဘာနဲ့ စပယ်ယာကိုတော့ အံ့သြမိပါတယ် ဆိုင်ကယ်မြို့တော် စက်ဘီးမြို့တော်ဖြစ်လို့ အနည်းစုဖြစ်တဲ့ လိုင်းကားလေးတွေမှာ ဒီလိုစပယ်ယာ ဒရိုင်ဘာတယောက်ပါလာရင်တောင် တော်တော်မြို့ကျက်သရေယုတ်ပါတယ်။

အခုလဲ ဒီပုံထဲက အဘွားအို ငွေမပေးနိုင်လို့ပဲဆိုတာ မှန်းဆမိရင်း အထဲက ထိုင်နေနိုင်တဲ့ တတိုင်းထဲသားတွေကို သြချလက်ဖျားခါမိပါကြောင်း။

မမေ့နိုင်တဲ့ အညံ့စားအမှတ်တရများနဲ့ နောက်တခါလာရင် မဆုံပါရစေနဲ့ဆုတောင်းလျက်---

သန့် ဇင်ဦး
ငွေမျက်နှာပဲကြည့်တဲ့ မန္တလေးက လိုင်းကားသမားများနဲ့ Facebook ပေါ်မှ ရိုက်ခတ်သံ  ငွေမျက်နှာပဲကြည့်တဲ့ မန္တလေးက လိုင်းကားသမားများနဲ့ Facebook ပေါ်မှ ရိုက်ခတ်သံ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.