ဘိုကလေး - ဒလ ပြေးဆွဲသော နိုင်အောင်ကျော် ခရီးသည်တင်ကား တိမ်းမှောက် တစ်ဦးသေဆုံးကြောင်း သိရ


ဘိုကလေးမှ ဒလသို့ ထွက်ခွါလာသော နိုင်အောင်ကျော် ခရီးသည်တင်လိုင်းကားသည် ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရှေ့ဘီးပေါက်၍ ထန်းပင်ကို ဝင်တိုက်ပြီး တိမ်းမှောက်သွားခဲ့ပါတယ်။


ကားပေါ်တွင် ခရီးသည်စုစုပေါင်း ၄၈ ဦးပါရှိပြီး ၄၃ ဦးကို ကွမ်းခြံကုန်းဆေးရုံသို့၎င်း ၃ ဦးကို ဒေးဒရဲ ဆေးရုံသို့၎င်း ပို့ဆောင်ပေးခဲ့ရပြီး ၂ ဦးမှာ ဒဏ်ရာ မရရှိကြောင်း သိရှိရပါသည်။ တစ်ဦးမှာ ကွမ်းခြံကုန်းဆေးရုံတွင် သေဆုံးသွားကြောင်းလည်း သိရှိရပါသည်။


အခင်းဖြစ်ပွာရာနေရာသို့ ဒေးဒရဲ ကွမ်းခြံကုန်း ဖျာပုံမြို့များမှ နာရေးကူညီမှုအသင်းများ ရဲတပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ စည်ပင်သာယာအဖွဲ့ဝင်များနှင့် ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေကြပါတယ်။

ကိုစိန်သန်း
ဇွန်လိုင်လ ၂ ရက် ၂၀၁၆ ခုနှစ်



ဘိုကလေး - ဒလ ပြေးဆွဲသော နိုင်အောင်ကျော် ခရီးသည်တင်ကား တိမ်းမှောက် တစ်ဦးသေဆုံးကြောင်း သိရ  ဘိုကလေး - ဒလ ပြေးဆွဲသော နိုင်အောင်ကျော် ခရီးသည်တင်ကား တိမ်းမှောက် တစ်ဦးသေဆုံးကြောင်း သိရ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.