ထိုင်ဝမ် စစ်သင်္ဘောမှ တိုက်ချင်းပစ်ဒုံးတစင်း တရုတ်နိုင်ငံဆီ မှားယွင်းပစ်ခတ်ခဲ့လို့  ငါးဖမ်း လှေအား ထိမှန်


Breaking news on 2July2016

အာရှနဂါးကြီးကို အပ်နဲ့ သွားထိုးတဲ့ ထိုင်ဝမ်ရဲ့ ယခုလုပ်ရပ်ဟာ တရုတ်အစိုးရအတွက် ဒေါသတကြီး လက်တုန့် ပြန်မှုတွေ ဖြစ်လာတော့မှာကြောင့် ထိုင်ဝမ် အစိုးရက အမျိုးသားကာကွယ်ရေးဌာနက တရားဝင် တောင်းပန်ချက် တွေ ထုတ်ပြန်ကြောင်း သိရပါတယ်။

ဇူလိုင်တရက်နေ့ က အဆင့်မြင့် နည်းပညာတွေတတ်ဆင်ထားတဲ့ supersonic ဒုံးကျည်Hsiung Feng III (ရတနာ အမှတ် (၃) အမည်နဲ့ မတော် တဆ ထွက်သွားတဲ့ဒုံဟာ တရုတ်ငါးဖမ်းလှေ ကိုထိသွားပေမယ့် မပေါက်ကွဲ ခဲ့ဘူးလို့ သိရပါတယ်၊ တရုတ်ငါးဖမ်းစက်လှေက ကပ္ပတိန်သေဆုံးခဲ့ကြောင်း သိရပါတယ်။


အဆင့်မြင်ဒုံးတွေဟာ ထိတ်ပိုင်းက ပေါက်ကွဲမဲ့ထိတ်ဖူး နေရာအဆင့်ကို ပိတ်ထားခဲ့တာ ဖြစ်နိုင်ပါတယ်။

ယခုလိုနှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ ဖြစ်တဲ့အတွက် လွဲမှားပစ်တာ မဖြစ်နိုင်ဘဲ စစ်လိုလားတဲ့ ထိုင်ဝမ်တွေရဲ့  သွေးတိုးစမ်းတဲ့ ရန်စပွဲ လို့  တရုတ် နိုင်ငံ သတင်းတွေမှာ အကျယ်တ၀င့်ရေးသားနေကြပြီး ဒုံးပျံနဲ့ ပစ်ပြီး တရားဝင်တောင်းပန်တာဟာ ဟာသဖြစ်နေတယ်လို့ လည်း ရေးသားနေကြပါတယ်။

Taiwanese warship accidentally fires missile towards China

Social Action for Women - SAW
ထိုင်ဝမ် စစ်သင်္ဘောမှ တိုက်ချင်းပစ်ဒုံးတစင်း တရုတ်နိုင်ငံဆီ မှားယွင်းပစ်ခတ်ခဲ့လို့  ငါးဖမ်း လှေအား ထိမှန်  ထိုင်ဝမ် စစ်သင်္ဘောမှ တိုက်ချင်းပစ်ဒုံးတစင်း တရုတ်နိုင်ငံဆီ မှားယွင်းပစ်ခတ်ခဲ့လို့  ငါးဖမ်း လှေအား ထိမှန် Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.