မန္တလေးတိုင်းရဲတပ်ဖွဲ့အင်အား၃၀၀-ကျော်ဖြင့် ဧရာဝတီကမ်းဘေးနှင့် မြစ်ထဲတွင် တပြိုင်တည်း မူးယစ်ဆေးဝါးများဖမ်းဆီး


မန္တလေးတိုင်းဒေသကြီးအတွင်း မြိုနယ်များမှ ရဲတပ်ဖွဲ့အင်အား ၃၀၀-ကျော်ဖြင့် ယနေ့ ဇူလိုင် ၂၅-ရက်နေ့ နံနက် ၁၀-နာရီခွဲခန့်က ၁၉-လမ်းနှင့် ၁၄-လမ်းကြား ဧရာဝတီဆိပ်ကမ်းဘေးမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများကို အင်အားသုံးရှာဖွေ ဖမ်းဆီးခဲ့သည်။

" တိုင်စာတွေ နဲ့ စုံစမ်းမှုတွေအရ သတင်းတည်ဆောက်တယ်။ အဲဒီပေါ်မူတည်ပြီး နေရာတွေရွေးတယ်။သတင်း အတည်ပြုပြီးမှ ဖမ်းဆီးရေးလုပ်ပါတယ်။ဒီနေ့မှာ အရာရှိအဆင့်/အခြားအဆင့် ရဲတပ်ဖွဲ့အင်အား ၃၀၀-နဲ့ တပြိုင်နက် ရှာဖွေဖမ်းဆီးတယ်။ဒါဟာရက် ၁၀၀- စီမံချက်မှာ လည်းပါတယ်။"ဟု မန္တလေးတိုင်းရဲမှူးကြီး ဟန်ထွန်းကပြောသည်။


ယနေ့ဖမ်းဆီးရ မိသူများနှင့် မူးယစ်ဆေးများကို ရှာဖွေဖမ်းဆီးဆဲဖြစ်၍ အရေအတွက်မပြောနိုင်သေးဘဲ သုံးစွဲ သူနှင့် ရောင်းချသူ ဟူ၍လည်း စစ်ဆေးကာ အမှုဖွင့်ပြီးမှ သိရှိနိုင်မှာဖြစ်ကြောင်းဆက်လက် ပြောကြားသည်။

"သတင်းစုစည်းပြီး ဒီနေ့မှာ အင်အားသုံး ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အမှုဖွင့်ရမှာက ပုသိမ်ကြီးမြို့နယ် ရဲစခန်းနဲ့ အောင်မြေသာစံ မြိုနယ် ရဲစခန်းမှာဖြစ်ပါတယ်။ခုချိန်ထိ အသေးစိပ်အသိနိုင်သေးပါဘူး။" ပူးပေါင်းဖမ်း ဆီးရာတွင်ပါဝင်သည့် မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်က ပြောသည်။

ယနေ့နံနက်ပိုင်းက ဧရာဝတီတစ်ဖက်ကမ်း စက်ရိပ်ကျေးရွာမှ ၂-ဦး၊ မင်းတဲအီကင်း(တာရိုးဘေး)တဲများမှ ၄-ဦး တို့ကို သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပြီး ဆက်လက်ရှာဖွေ နေဆဲဖြစ်ကြောင်းသိရသည်။

ဒေသခံများ၁၉-လမ်းနှင့်၁၄လမ်းကြားဧရာဝတီမြစ်တာရိုးဘေးနှင့် မြစ်ထဲရှိ ရေပေါ်တဲ များတွင် မူယစ်ဆေးရောင်းသူနှင့် သုံးစွဲမှုများရှိကြောင်း၊ ယခုကဲ့သို့ အင်အားသုံးကာ မူးယစ်ဆေးဖမ်းဆီးမှု မတွေ့ဘူးသေးကြောင်းနှင့် ယခုကဲ့သို့ ဖေါ်ထုတ်ဖမ်းဆီးမှုများကို အမြဲ လုပ်ဆောင်သင့်ေ ကြာင်း သုံးသပ်ပြောကြားသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန္တလေးတိုင်းရဲတပ်ဖွဲ့အင်အား၃၀၀-ကျော်ဖြင့် ဧရာဝတီကမ်းဘေးနှင့် မြစ်ထဲတွင် တပြိုင်တည်း မူးယစ်ဆေးဝါးများဖမ်းဆီး  မန္တလေးတိုင်းရဲတပ်ဖွဲ့အင်အား၃၀၀-ကျော်ဖြင့် ဧရာဝတီကမ်းဘေးနှင့် မြစ်ထဲတွင် တပြိုင်တည်း မူးယစ်ဆေးဝါးများဖမ်းဆီး Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.