ချင်းမိုင် ဘန်ကောက် သွား နှစ်ထပ်ကား တိမ်းမှောက်


25July2016

မနေ့  ည (၁၀) နာရီက ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ က ဘန်ကောက်ကို ထွက်ခွာလာတဲ့ ခရီးသယ်တင် နှစ်ထပ် ကားတစ်စင်း ဟာ ညပိုင်း မိုးသည်း ထန်နေပြီး ရာသီဥတု ဆိုးဝါးနေရာက မောင်း ခရိုင်းအတွင်း အာရှလမ်းမကြီး လမ်းအမှတ် ၁၃၂ မှာ တိမ်းမှောက်သွား ခဲ့ပါတယ်။

ကားမောင်းသမားဟာ မိုးသည်းထန်နေတဲ့ လမ်းမပေါ်မှာမောင်းနေရင်း အရှိန်မထိမ်းနိုင်ဖြစ်ပြီး လမ်းဘေးထိုးကျသွားခဲ့တာပါ ၊ ကားပေါ်မှာ နိုင်ငံခြားသားခရီး သွားတွေ အပါအ၀င် ခရီးသည် (၂၆ ) ဦးသာ လိုက်ပါလာခဲ့ရာမှာ (၃)ဦးသေဆုံးပြီး ၁၉ ယောက်ဒဏ်ရာရခဲ့ပါ တယ်။


သေဆုံးသူမှာ ကားပေါ်မှာ အကူဝန်ထမ်းအဖြစ် လိုက်ပါလာ သူအမျိုးသမီး နဲ့  နောက်ထပ် သေဆုံးသူ အမျိုးသမီးတစ်ဦးနဲ့  အမျိုးသား တစ်ဦးကတော့ ဘယ်နိုင်ငံသားမှန်းမသိရသေးဘဲ ကျန်ခရီးသည်(၄)ဦးဟာ ကားအောက်မှာ ပိမိနေလို့  ကယ်ဆယ်ရေးဝန်ထမ်းတွေက ကယ်နေကြကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်ထပ်ကားတွေ မကြာခဏ မှောက်နေတာကြောင့် စီးမယ့်သူ နည်း ပါးလာပြီး ခရီးသည်တွေက နှစ်ထပ်ကားနဲ့  ခရီးသွားဘို့ ကို ရှောင်လာကြ
တာတွေ့ ရပါတယ်။

(SAW)
BK post-Thai rat
Social Action for Women - SAW
ချင်းမိုင် ဘန်ကောက် သွား နှစ်ထပ်ကား တိမ်းမှောက်  ချင်းမိုင် ဘန်ကောက် သွား နှစ်ထပ်ကား တိမ်းမှောက် Reviewed by THITHTOOLWIN on 17:12 Rating: 5
Powered by Blogger.