ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ထီးချိုင့်မြို့တွင် မြစ်ကမ်းဘေးနေထိုင် သူများအား သက်ဆိုင်ရာမှ လိုက်လံ သတိပေးနှိုးဆော်


ထီးချိုင့် ဇူလိုင် ၂၅

ဧရာဝတီမြစ်ရေသည် ဇူလိုင် ၂၅ ရက် နေ့လည်(၁၂)နာရီအချိန် တိုင်းထွာချက် အရ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ထီးချိုင့်မြို့တွင် ၈၇၉ စင်တီမီတာ သို့ရောက်ရှိ နေ၍ အဆိုပါမြို့၏ စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာသို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်ကြောင်းသိရှိရသည်။


သို့ဖြစ်ရာ ဒေသခံပြည်သူများ ရေဘေးအန္တရာယ်နှင့် မလိုလားအပ်သော ဘေးအန္တရာယ်များမှ ကင်းဝေးစေရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့မိမြို့ဖများပါဝင်သော အဖွဲ့သည် ယနေ့ နေ့လည် ၁ နာရီခန့်က ဧရာဝတီမြစ် ကမ်းနဘေး နှင့် မြေနိမ့်ပိုင်း တွင်နေထိုင်ကြသောပြည်သူ့များအား သတိနှင့်နေထိုင်ကြရန် ၊ အရေးပေါ်အခြေအနေများ ကြုံတွေ့လာပါ က သတိပြုနေထိုင် ဆောင်ရွက်ရမည့် အခြေအနေများကို ဧရာဝတီမြစ်အတွင်း စက်လှေ များဖြင့် လိုက်လံနှိုးဆော် သတိပေးလျက်ရှိကြောင်းသိရသည်။

(ဇွဲမာန်-ထီးချိုင့်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ထီးချိုင့်မြို့တွင် မြစ်ကမ်းဘေးနေထိုင် သူများအား သက်ဆိုင်ရာမှ လိုက်လံ သတိပေးနှိုးဆော် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ထီးချိုင့်မြို့တွင် မြစ်ကမ်းဘေးနေထိုင် သူများအား သက်ဆိုင်ရာမှ လိုက်လံ သတိပေးနှိုးဆော် Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.