အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သည့် အမျိုးသမီး အကြမ်းဖက်သမား များကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး


ဒါကာ ၊ ၂၅-၇-၂၀၁၆

ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အတွင်း ပါဝင်ခဲ့သည့် အမျိုးသမီး အကြမ်းဖက် သမား လေးဦးကို ဇူလိုင် ၂၄ ရက်က ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး အကြမ်းဖက် သမားများ သည် ဂျာမက်အူလ် မူဂျာဟစ်ဒင် ဘင်္ဂလားဒေ့ရှ် (JMB) အကြမ်းဖက် အဖွဲ့မှဖြစ်ပြီး ၄င်းတို့သည် ဒါကာမြို့တော်ရှိ ကော်ဖီဆိုင် တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည် ဟု တာဝန်ရှိသူ များက ပြောကြား ထားသည်။


ဘင်္ဂလားဒေ့ရှ် အစိုးရသည် မြို့တော်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အပူတပြင်း လိုက်လံစုံစမ်း ခဲ့ပြီးနောက် အဆိုပါ စစ်သွေးကြွ အမျိုးသမီး များကို နိုင်ငံအနောက် မြောက်ပိုင်းရှိ ဆီရက်ဂ်ျဂန့်ဂ်ျ ခရိုင်တွင် ဖမ်းဆီးနိုင် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၄င်း အမျိုးသမီး များသည် အသက် ၁၈ နှစ်မှ ၃ဝ နှစ်အရွယ် ရှိသူများ ဖြစ်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အာဏာပိုင် များသည် ၄င်းတို့အား ဖမ်းဆီးစဉ် ဗုံးပြုလုပ်သည့် ပစ္စည်း အများအပြား ကိုလည်း သိမ်းဆည်း ရမိခဲ့သည်။ ယခုအခါ တာဝန်ရှိသူ များက အဆိုပါ စစ်သွေးကြွ အမျိုးသမီး များအား စစ်ဆေးမေးမြန်း ရန် လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။

ဒါကာမြို့တော်ရှိ ကော်ဖီဆိုင် တစ်ဆိုင် အတွင်းသို့ စစ်သွေးကြွ များက ဇူလိုင် ၁ ရက် တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နိုင်ငံခြားသားများ အပါအဝင် လူပေါင်း ၂၂ ဦးသေဆုံး ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သည့် အမျိုးသမီး အကြမ်းဖက်သမား များကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး  အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သည့် အမျိုးသမီး အကြမ်းဖက်သမား များကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.